သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုး နေအိမ်များကို မီးရှို့

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုး နေအိမ်များကို မီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး  ရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်များနှင့် ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ဥတ္တူကျေးရွာအတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ၂၈ ရက်မှ စတင်ပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နံနက် ၄ နာရီဝန်းကျင်အချိန်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုများ ကိုလုပ်ဆောင်နေသည်ဟု သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

“အခုနေအိမ်တွေကို မီးရှို့နေတယ်။ ပြီးတော့ အိမ်တွေထဲကိုလည်း မွှေနှောက်သွားတာတွေတော့ ရှိတယ်။ ဘုန်းကြီးကျောင်းထဲကိုလည်း ဝင်မွှေသွားသေးတယ်။ ဒေသခံတွေလည်း ဖမ်းခံထားရတယ်လို့ကြားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများအပြင် လက်နက်ကြီးဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုများကို လုပ်ဆောင်နေသည့်အတွက် ဥတ္တူကျေးရွာအတွင်း နေထိုင်သည့် ဒေသခံများအနေဖြင့် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယခုလို ကျေးရွာအတွင်းသို့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး သေဆုံးမှုများရှိခဲ့သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက‌ ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းများကြောင့် သရက်ချောင်းမြို့နယ်အတွင်း အောက်တို ဘာ ၂၅ ရက်နေ့မှ စတင်ပြီး ဒေသခံ ၃,၀၀၀ ဦးကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီသူများက ပြောဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လည်းစစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ် များကြား နှစ်ဖက် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေပြီး ကျေးရွာအတွင်းရှိ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဝင်ရောက်ဖောက်ထွင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...