သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုထံကနေ သိရပါတယ်။

စစ်ကောင်စီက အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ နေအိမ်ကိုလာရောက်ချိပ်ပိတ်သွားတာပါ။

“စကစအနေနဲ့ ပြည်သူတွေအပေါ် အာဃာတအညှိုးတကြီးနဲ့ ဆက်ဆံနေတယ်ဆိုတာ အခုလုပ်ခဲ့တဲ့လုပ်ရပ်က သက်သေပြလိုက်တာပဲ။ ပထမတစ်ခါ ၁၉၉၇ ခုနှစ်တုန်းက မိဘလုပ်ငန်းမြို့လယ်ပုံနှိပ် တိုက်ကို ချိတ်ပိတ်ပစ္စည်းတွေသိမ်းပြီး အဖေ့ကိုထောင် ၆ နှစ်ချခဲ့တယ်။ ပြီးတော့ကျွန်တော့်ကို ထောင် ၇ နှစ်ထပ်ချခဲ့လို့ မိသားစုဘဝပျက်ခဲ့ရပြီးပြီ”လို့ အယ်ဒီတာချုပ် ဦးကိုကိုဇော်က ပြောပါတယ်။

တဆက်တည်း “အခုနွေဦးတော်လှန်ရေးမှာ မိဘပိုင်အိမ်ကိုသိမ်းတယ်။ ဒီအိမ်က ကျွန်တော့်အိမ်မဟုတ်ပါဘူး။ ဒီလောက်နှစ်တွေကြာလည်း မမေ့ထားဘူး၊။ သူတို့ရဲ့အာဏာကိုထိပါးမယ့်သူတွေကို ဘယ်လောက်ကြာကြာ မေ့မသွားဘဲ မရရအောင်နှိပ်ကွပ်တယ်ဆိုတဲ့ သက်သေပြလိုက်တာပါပဲ။ တော်လှန်ရေးအတွက် အသက်သွေးချွေး ဘဝတွေပေးဆပ်လိုက်ရတဲ့ ပုဂ္ဂိုလ်တွေနဲ့စာရင် ဒီလောက်က ဘာမှမဟုတ်သေးပါဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာ မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ် သတင်းဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် သတင်းဌာနအဖွဲ့ဝင်အားလုံး တိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီနောက် သံလွင်တိုင်းမ်သတင်းဌာနဟာ လွတ်မြောက်နယ်မြေ တစ်နေရာကနေ စစ်အုပ်စုရဲ့အ ကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြန်မာတောင်

ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို နေ့စဉ်တင်ဆက်ပေးနေတာပါ။

မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလမှာ စတင်တည် ထောင်ခဲ့တဲ့ တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 15, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ပေါ်မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...