ဆေးဆိုင်မှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ

ဆေးဆိုင်မှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး ဒေသခံတွေအပါအဝင် စစ်ဘေးရှောင်တွေဟာ ဖျားနာပါက ဆေးဆိုင်မှာ ဆေးဝါးဝယ်ယူတဲ့အခါ အကန့်အသတ်နဲ့သာ ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

လိုအပ်တဲ့ဆေးဝါးကို လိုသလောက်မရတဲ့အခါမျိုးမှာ အခက်အခဲရှိတယ်လို့ စစ်ရှောင်တွေကို ဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ ဆရာမတစ်ဦးက အခုလိုပြောပါတယ်။

“ကျမတို့ ဆေးသွားဝယ်ရင်လည်း မရတာရှိတယ်။ ရရင်လည်း စကေးနဲ့ပဲရမယ်။ ဥပမာ – တစ်ဖာရှိရင် တစ်ယောက်ဆို ကျမတို့က ကျမတို့သုံးယောက်တူတူသွားဝယ်တော့ ကျမတို့ကို တစ်ယောက်သုံးလုံးနှုန်း ၊ သုံးပုံမှာ တစ်ပုံပဲရခွင့်ရှိတယ်ပေါ့နော” လို့ သူက ဆိုပါတယ်။

ဆေးဝါးအလုံအလောက်မရှိတာကြောင့် ဆေးလာကုတဲ့ စစ်ဘေးရှောင်တွေကို ဆေးအလုံအလောက်မပေးနိုင်ဘဲ သုံးခါအပြတ်သောက်ရမဲ့ဆေးတွေကို တစ်ခါ (သို့မဟုတ်) နှစ်ခါစာသာ ပေးနိုင်တယ် လို့ သူက ဆက်ပြောပါတယ်။

လိုအပ်တဲ့ အခြေခံဆေးဝါးမရှိတဲ့အခါမျိုးမှာ ရှိတဲ့ဆေးဝါးတွေနဲ့ အဆင်ပြေသလို ကုသပေးရတာလည်းရှိတယ်လို့ ဆိုပါတယ်။

“ခုချိန် ရောဂါအခြေနေဆိုလည်း ကလေးကစ လူကြီးထိ ခေါင်းမူးတယ် ခေါင်းကိုက်တယ် အန်တယ် အများအားဖြင့် ကြုံတွေ့နေရတယ်ပေါ့နော။ ဝမ်းပျက်တာတို့ ကြုံတွေ့နေရတော့ ဓာတ်ဆားတို့ ဝယ်လို့လည်း မရဘူး နောက်ပြီး ပုလင်းကြီးတွေလည်း ဝယ်လို့လည်းမရဘူး။ နောက်ဆုံးတော့ ကျမတို့လည်း တတ်နိုင်သလောက် ဆားနဲ့ သကြားတို့ ဓာတ်ဆားရဲ့ အရသာ ပုံစံဖျော်နည်းကို သူတို့ကို သင်ပေးပြီး သောက်ခိုင်းတယ်ပေါ့” လို့ ဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ ဆရာမတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ ကရင်နီပြည်တွင်းကို ဝင်ရောက်လာနိုင်မယ့် ကုန်စည်လမ်းကြောင်းတွေကို အသုံးပြုလို့မရသေးတာကြောင့် ဆေးဝါးအပြင် ကုန်ပစ္စည်းတွေ စီးဆင်းမှုမရှိတာ တလ ဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ဆေးဝါး ၊ ဆန် နဲ့ တခြားကုန်ပစ္စည်း သယ်ယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...