နမ့်ဆန်မြို့နယ် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

နမ့်ဆန်မြို့နယ် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်  ထိခိုက်သေဆုံးမှုများရှိကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၂၂ ရက် နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ  ပေါင် (၅၀၀) ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ မနေ့ကော ဒီနေ့ကော ၂ ရက်ဆက်တိုက် ကြဲတာ။ ဒီနေ့က ဟိုမိန်းကျေးရွာဘက်ကို လာကြဲတာ မနက် ၁ နာရီကျော်လောက်။ ကျောက်ဖြူလေးကျေးရွာ ဘက်လည်း မနေ့က ဗုံးကြဲခဲ့တာ။ လူတွေထိတယ်လို့တော့ သိရတယ်”ဟု နမ့်ဆန်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြော သည်။

စစ်ကောင်စီက လူအိပ်မောကျချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် အရပ်သားအပါအဝင် TNLA တပ်သားများလည်း ထိခိုက်သေဆုံးကြောင်း ကနဦး စုံစမ်းသိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နံနက် (၈) နာရီခွဲ ဝန်းကျင်တွင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေး‌ ‌ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်အချို့ ထိ ခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း  လားရှိုးမြို့ (၁၂) ရပ်ကွက်ရှိ ရှမ်းတောင်တန်းလမ်းကြား မန်ဆူဘုရားမရောက်ခင် နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံများ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...