KNLA ဗဟို ဌာနချုပ်အနီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

KNLA ဗဟို ဌာနချုပ်အနီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂ ရက်) နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင်  ဒရုန်းဖြင့် (၄) လုံးခန့် ဗုံး ချတိုက်ခိုက်ခံခဲ့ရကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များထံမှ ကနဦး သတင်းရရှိသည်။

KNLA ဌာနချုပ်ကို ဦးတည်တိုက်ခိုက်သည့် အဆိုပါ တိုက်ခိုက်မှုတွင် အသေခံ Suicide Drone အမျိုး အစားကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးတစ်ခု အနည်းငယ်ထိခိုက်မှုမှလွဲ၍ အခြားခိုက်မှုကြီးကြီးမားမားမရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကောင်စီ၏ မည်သည့်တပ်စခန်းမှ တိုက်ခိုက်ခြင်းဖြစ်အကြောင်း အသေး စိတ်မသိရှိရသေးပေ။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့ကြ၍ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်သူများရှိနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်နီးပါးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေအသီးသီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း ယခုလို KNLA ဗဟို ဌာနချုပ်တိုက်ခိုက်ခံရမှုမှာ ပထမဦး ဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...