လေကြောင်းပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များ အတည်တကျမနေရဲဖြစ်လာ

လေကြောင်းပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များ အတည်တကျမနေရဲဖြစ်လာ

တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုရှိနေသဖြင့် စစ်ဘေးရှာင်များမှာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းသွားလာနေရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း ခန့်မှန်းခြေ စစ်ဘေးရှောင် သိန်းနှင့်ချီရှိပြီး ယင်းစစ်ဘေးရှောင်များ နေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ နေဗီတို့ဖြင့် တိုက်ခိုက်မှုပြုလုပ်နေ၍ ဒေသခံများ သေဆုံးဒဏ်ရာရသူများလည်း ရှိနေသည်။

ဒေသခံ စစ်ဘေးရှောင်တစ်ဦးက “ ဒီဘက် စစ်ဘေးရှောင်တွေက ကျေးရွာတွေမှာ နေကြတယ်။ ဒါပေမဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေနေတဲ့ ကျေးရွာတွေကိုပဲ ဦးတည်တိုက်ခိုက်နေတော့ နေရာက မတည်မြဲဘူး။ ပြောင်းရွှေ့နေရတယ်။ တစ်ရွာပြီးတစ်ရွာ ပြောင်းနေရတော့ အခက်အခဲ များစွာရှိနေကြတယ်” ဟု ပြောသည်။

ယမန်နေ့ ၊ အောက်တိုဘာ ၂၁ ရက်က စစ်ဘေးရှောင်များနေထိုင်ရာ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ယင်းသို့ ဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်များမှာ နေရာအတည်တကျ မနေရဲတော့ဘဲ ပြောင်းရွှေ့နေရခြင်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ ကျေးရွာများအား တိုက်ခိုက်နေခြင်းကို ရပ်တန့်စေလိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“အခုလိုမျိုး တိုက်ခိုက်ခံနေရတော့ နေရာပြောင်းနေရတာတွေနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်တာကို တွေ့ရတယ်။ သူတို့( စစ်ကောင်စီ)ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေအပြင် အရပ်သားတွေ နေထိုင်တဲ့နေရာကို ပိုပြီးပစ်မှတ်ထားလာတယ် ” ဟု မောင်တော စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောဒေသတွင် စစ်ဘေးရှောင်လူဦးရေများပြားမှုကြောင့် စားနပ်က္ခာအပြင်၊ လုံခြုံရေးစသည့် လိုအပ်ချက်များစွာရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်များအနေဖြင့် ကူညီထောက်ပံ့မှုပေးစေလိုကြောင်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ယင်းအပြင် အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်အတွင်း မိုးရွာသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့ပြီး နေရာရွှေ့ပြောင်း စစ်ဘေးရှောင်များမှာ ပိုပြီးအခက်အခဲဖြစ်နေရကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် နယ်စပ်ဒေသ မောင်တောမြို့ကို အလုံးစုံး သိမ်းပိုက်နိုင်ရေးအတွက် နခခ(၅) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ခုခံနေကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...