ဖားအံ အထပ်မြင့်အဆောက်အဦးနှင့် ခိုင်မာသည့် အကာအကွယ်နေရာများတွင် စစ်အင်အားရာချီ တပ်ဖြန့်နေရာယူ

ဖားအံ အထပ်မြင့်အဆောက်အဦးနှင့် ခိုင်မာသည့် အကာအကွယ်နေရာများတွင် စစ်အင်အားရာချီ တပ်ဖြန့်နေရာယူ

ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင် အမာအကာအကွယ်ရှိသော နေရာများကို စစ်အင်အားရာချီတိုးမြှင့်ချထားပြီး လုံခြုံရေး၊ ကင်းထိုး နေရာယူထားသည်ကို တွေ့ရှိရသည်ဟု မြို့ခံများက ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၄  ရက်နေ့မှ စတင်ကာ ဖားအံမြို့ ဗိုလ်ချုပ် လမ်းမရှိ ဆောက်လက်စ ဇွဲကပင် ပလာဇာ ကုန်တိုက်၊ လှိုင်းဘွဲလမ်းဂွ ဒန်ကို ဓါတ်ဆီဆိုင်အနီး၊ ကြာအင်းတောင် နှင့် ထောင်ဝိ ကမ်းနားလမ်းတို့ တွင် စစ်တပ်အင်အား ရာချီကင်းပုန်းထိုး နေရာယူနေသည့်အတွက် မြို့ခံရပ် ကွက်သားများထိတ်လန့်နေကြရကြာင်း မြို့ခံများက ပြောသည်။

“ဖားအံမှာ ဗိုလ်ချုပ်လမ်းမကြီးက ဇွဲကပင်ပလာဇာ ဆောက်လက်စကုန်တိုက်ကြီးပေါ်မှာ စစ်သားက တစ်ရာ လောက်ရှိနေတယ်။ လှိုင်းဘွဲ လမ်းဂွ (ဒန်ကို)ဓါတ်ဆီဆိုင်နားမှာလည်း အယောက် ၅၀ လောက်ရှိနေတယ်။ ကြာအင်းတောင်တို့၊ ထောင်ဝိတို့ဘက်ကမ်းနားလမ်းဘက်တို့က တိုက်ကြီးခြံ ကြီး တွေမှာလည်း ကင်းပုန်းထိုးထားတာ တပ်ဖျောက်ပြီးခြံ တွေထဲမှာနေနေတာတွေရှိနေတယ်။ စစ်တပ်က အကောင်ကြီးကြီးလာမလို့လား။ ဖားအံမှာတစ်ခုခုလုပ်မှာမို့လို့လားဆိုတာတော့မသိဘူး။ “ဟု အမှတ် ၉ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း ဖားအံအခြေစိုက် တပ်မ ၂၂ တွင် စစ်သင်တန်းဆင်းပြီးကာစ တပ်သားသစ်များ တပ်မ ၃၃ ဘက်တံဆိပ်နှင့် တွေ့ရပြီး ကျုံဒိုး၊ နဘူးဘက်နှင့် မြိုင်ကြီးငူ၊ ဖာပွန်ဘက်သို့ စစ်ကူပို့ ဆောင်နေမှုများတွေ့မြင်နေရကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။

ကျုံဒိုးစစ်ဒေသအတွင်း စစ်ကောင်စီတပ်စစ်ရေး လှုပ်ရှားမှုအခြေအနေကိုသိရှိသူတစ်ဦးက ” ကျုံဒိုး မှာ ၅၄၅ ၊ ၅၄၆ တပ်ထဲကို စစ်သားသစ်၊ စစ်ကူအဖွဲ့ သစ်တွေကတော့ ရောက်လာတာနေ့တိုင်းရှိနေတယ်။ တစ်ရက်နှစ်ရက်နေတယ်။ နောက်ကားသေး တွေနဲ့ ခွဲခွဲပြီး BGF မြလှိုင်အဖွဲ့တွေနဲ့ တွဲတွဲပြီး ပို့နေ တာမျိုးရှိတယ်၊ ချောင်းဖျားဘက်၊ မြပတိုင်ဘက်၊ ရင်ခွဲတောင် စကခ ၁၂ ဘက်ကို ပို့နေတာမျိုးရှိနေတယ်။ အဲ့ဒီကနေမှ အာရှလမ်းအောင်ဇေယျစစ်ဆင်ရေးကို ပို့နေတာမျိုးနေ့တိုင်းရှိနေတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ မြို့ဘက်ရှိ စစ်ကောင်စီနေရာများမှ အရပ်သား ကျေးရွာများဘက်သို့ လက်နက်ကြီး နေ့စဉ်ပစ်ထုတ် တိုက်ခိုက်နေပြီး ကော့ကရိတ်-မြဝတီအာရှလမ်း သစ်နေရာအား ပြန်လည်သိမ်းပိုက်နိုင်ရန် နေ့စဉ် စစ်ကြောင်းဖြန့်

တိုက်ခိုက်နေသည့်အတွက် KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့်တိုက်ပွဲ ဖြစ်ပွားမှုဆက်ရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်တပ်လေကြောင်းက ကရင်ပြည်နယ်အတွင်း နေ့စဉ်ကင်းထောက်ပျံသန်းပြီး တိုက် လေ ယာဉ်၊ ဗုံးကြဲလေယာဉ်ဖြင့် ဖာပွန်၊ မြဝတီ၊ အာရှလမ်းပိုင်းနှင့် ကော့ကရိတ်ကျေးရွာဘက်ကို ဗုံးကြဲ တိုက်ခိုက်မှုဆက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...