စစ်ကြောရေးတွင် နှိပ်စက်ခံရမှုဒဏ်ကြောင့် ဗျိုင်းဖြူရွာသားတစ်ဦး သေဆုံးပြန်

စစ်ကြောရေးတွင် နှိပ်စက်ခံရမှုဒဏ်ကြောင့် ဗျိုင်းဖြူရွာသားတစ်ဦး သေဆုံးပြန်

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း နှိပ်စက်မှုဒဏ်ကြောင့် စက်တင်ဘာ ၂၁ ရက်တွင် သေဆုံးသွားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

အသက် (၂၈) နှစ်အရွယ် ကိုအပိန်ချေမှာ ဗျိုင်းဖြူရွာသားများနှင့်အတူ ပြီးခဲ့သည့် မေလအတွင်း ဖမ်းဆီးခံခဲ့ရပြီး ဇူလိုင်လတွင် ပြန်လွတ်မြောက်လာခဲ့သည်။ ၎င်းမှာ စစ်ကြောရေးကာလအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် စစ်တွေဆေးရုံတွင် ၂ လခန့်ကြာ ဆေးကုသမှုခံယူခဲ့သော်လည်း အတွင်းဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဗျိုင်းဖြူရွာက အစုလိုက်အပြုံလိုက် ဖမ်းတဲ့အထဲမှာ ပါသွားတာ။ တရားစွဲဆိုခံရပြီး ရုံးတက်ရတယ်။ အပြစ်မလုပ်ထားတော့ ပြန်လွတ်လာတယ်။ ဒါပေမဲ့ စစ်ကြောရေးမှာ ရိုက်နှက်ခံရပြီး အဆုပ်တွေ ကြေမွသွားတယ်လေ။ ဆေးရုံတင်ပေမယ့် အသက်မရှင်လိုက်ဘူး” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။

စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ဗျိုင်းဖြူရွာသား ၂၇ ဦးမှာ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး အထဲမှ ဦးကံသိန်းထွန်းနှင့် ဦးမဲလာတို့မှာ ဇွန်လ ၁၁ ရက်တွင် သေဆုံးသွားခဲ့သည်။  

စစ်ကြောရေးတွင် နှိပ်စက်ခံရမှုဒဏ်ကြောင့် ဗျိုင်းဖြူရွာမှ ဒေသခံ ၃ ဦးအထိ သေဆုံးမှုရှိလာပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မိသားစုဝင်များ၊ ဒေသခံများက တရားမျှတမှု လိုလားနေကြသည်။

“ကျနော် မိသားစုတင်မက တစ်ရွာလုံး ဒုက္ခရောက်ခဲ့ကြတယ်။ ဖမ်းသွားတဲ့သူတွေကိုလည်း စစ်ကြောရေးမှာ အမျိုးမျိုးနှိပ်စက်လို့ သေကြရတယ်။ ပြည်သူတွေကိုလုပ်တာကို တာဝန်ရှိသူတွေက အရေးယူပေးဖို့ တောင်းဆိုချင်တယ်” ဟု ဗျိုင်းဖြူရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို  ဖမ်းဆီးသွားခဲ့သည်။

ယင်းထဲမှ အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၄၂ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းနောက် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ၈ ဦးကို ပြန်လွှတ်ကာ ကျန် ၂၃၄ ဦးမှာ ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်ခံခဲ့ရသည်။

ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...