နေပြည်တော်ရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော် စစ်မှုထမ်းဖို့ ခေါ်ခံရဟုဆို

နေပြည်တော်ရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော် စစ်မှုထမ်းဖို့ ခေါ်ခံရဟုဆို

နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစ်မှုထမ်းဖို့ နေပြည်တော်ကို ခေါ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဧပြီလစာရင်းကောက်တုန်းက စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တယ် လူငယ်တော်တော်များများက ထိုင်း၊ မလေးရှား အကုန်ထွက်သွားကြတယ် အခုရွာမှာ သိပ်မကျန်ဘူး သူတို့အဲဒီတုန်းက စာရင်းမှာရှိသလောက်ကို မနေ့ကစလို့ ထပ်ခေါ်တာဖြစ်တယ် သူတို့ခေါ်တာ စစ်မှုထမ်းဖို့ခေါ်တာမဟုတ်ဘူး အရင်ဧပြီလက ယူထားတဲ့စာရင်းထဲက လူတွေကို မိတ်ဆုံစားပွဲလုပ်မယ်ဆိုပြီးမှ မနေ့ညနေက သူတို့က ကားနဲ့ခေါ်သွားတယ် အယောက် ၇၀ ကျော်ကို နေပြည်တော်ကို ခေါ်သွားတယ် ဒီကနေ့ထိ ပြန်မပို့သေးဘူး” လို့ Chin World Media ကိုပြောပါတယ်။

စစ်မှုထမ်းဖို့ အသက်အတွင်း အကျုံးဝင်တဲ့  ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေဟာ  ၂၀၂၄ ခုနှစ် မတ်လ အစောပိုင်းကတည်းက စာရင်းကောက်ခဲ့တာကြောင့် ဒေသခံလူငယ်အများစု စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ ဧပြီလမှာ ထပ်မံပြီး အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ထိ စစ်မှုထမ်းဖို့ စာရင်းထပ်မံကောက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“သူတို့အရင်တုန်းကတော့ စစ်မှုထမ်းစာရင်းကောက်တုန်းက သူတို့က နေပြည်တော်ကို ခေါ်မယ်မပြောဘူးရွာတောင်ဘက်က ဘောလုံးကွင်းမှာ စစ်သင်တန်းပေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက အဲလိုပြောတာ အခုကြတော့ နေပြည်တော်ခေါ်သွားတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးလဲတော့မသိဘူး” လို့ ဒေသခံ ၁ ဦးကပြောပါတယ်။

စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကြုံးဝင်တဲ့ အသက်အရွယ်ရှိသူအားလုံး စာရင်းကို နေပြည်တော်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကောက်ခံခဲ့တာဖြစ်ပြီး လက်ရှိအခေါ်ခံရသူအများစုက ၁၈ နှစ်ကနေ ၃၅ နှစ် အသက်ရွယ်အများစု ပါဝင်ပြီး ကလေးငယ်နဲ့လူကြီးပိုင်းတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်မှုထမ်းဖို့ ခေါ်ခံရတဲ့ ကျောက်အိုးရွာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပြီး ရေဘေးကြောင့် အကူအညီတွေ များစွာလိုအပ်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...