ဖားကန့်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရ

ဖားကန့်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်ဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး အနီးအနားက စပေါ့ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံနှစ်ဦး ထိခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့တပ်မကုန်းကနေဆိုတော့ ဆိုင်းတောင်ဘက် KIA ရှိတယ်ဆိုတဲ့နေရာဘက် ရမ်းပစ်တာပေါ့။”လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့ဗျူဟာကုန်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ စပေါ့ကျေးရွာက RC ဘုရားကျောင်းဘေးမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ နောက်ထပ်ဖားကန့်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီတပ်က ဖားကန့်မြို့ (ဗျူဟာ) တပ်မကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေရှိနေတဲ့အပြင် လေယာဉ်တွေနဲ့လည်း ဗုံးကြဲမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေကနေ မီးရှို့ဖျက်စီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...