အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် နယ်စပ်နေပြည်သူများ အခက်ကြုံနေကြ

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် နယ်စပ်နေပြည်သူများ အခက်ကြုံနေကြ

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် ယနေ့ချိန်ထိ မြန်မာဘက်က ကုန်ပစ္စည်းများ မီဇိုရမ်ပြည်နယ်ဘက်သို့ သယ်ယူပို့ဆောင်၍မရသေးကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိ-ဇိုခေါထာရ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ဘက်ကို တရားမဝင် ကူးသန်းရောင်းဝယ်မှုရှိသည်ဟုဆိုကာ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က သွားရောက်စုံစမ်းမည်ဆိုသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဗဟိုစုံစမ်းစစ်ရေးအဖွဲ့ CBI တာဝန်ရှိသူများ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက နယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာရ်ကျေးရွာနှင့် ကျန်ဖိုင်းမြို့သို့ ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ပြန်သွားကြပြီဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ယနေ့ချိန်ထိ ဆက်လက်ပိတ်ပင်ထားသည့်အတွက် နယ်စပ်နေပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဇိုခေါထာရ် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးလာလ်မွန်ပွီးယာက ပြောဆိုကြောင်း All India Radio News က ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းလွှတ်တော်အမတ် Lt. Col. Lalhmingthanga ထံတင်ပြခဲ့ကြပြီး လွှတ်တော်အမတ်ကလည်း နယ်စပ်ကုန်သွယ်ရေးကို ယခင်ကလို ပြန်လည်ဖွင့်ပေးရန် အကောက်ခွန်ဦးစီးဌာန နှင့်  အာသံရိုင်ဖယ်တပ်ဖွဲ့ထံ တင်ပြတောင်းဆိုပေးခဲ့သော်လည်း လက်မခံခဲ့ကြကြောင်း ဇိုခေါထာရ် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုကဲ့သို့အခြေအနေကြောင့် မြန်မာကုန်ပစ္စည်းများ မီဇိုရမ်ပြည်နယ်ဘက်သို့ အဝင်မရှိတော့သည့်အတွက် ဇိုခေါထာရ် ကျေးရွာနှင့် အနီးတဝိုက်ကကျေးရွာအတော်များများမှာလည်း ကုန်ပစ္စည်းများ ပြတ်လပ်လုနီးပါးဖြစ်နေပြီး ရှိသည့်ပစ္စည်းများကလည်း ဈေးနှုန်းမြင့်တက်နေသည်ဟုသိရသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးကို အမှီပြုပြီး ကုန်တင်ကုန်ချအဖြစ် အသက် မွေးဝမ်းကျောင်းပြုနေကြသော  ဒေသခံ အယောက် ၅၀၀ ဝန်းကျင်မှာလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြ၍ စားဝတ်နေရေးပိုင်းမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...