ကြာအင်းဆိပ်ကြီး လွတ်ရှမ်းစခန်းကို KNLA/PDF သိမ်းပိုက်

ကြာအင်းဆိပ်ကြီး လွတ်ရှမ်းစခန်းကို KNLA/PDF သိမ်းပိုက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ် ဆင်ရေးမှာပါဝင်တဲ့ ရဲ ဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကြာအင်းဆိပ်ကြီးအခြေစိုက် အနန်းကွင်းဗျူဟာနဲ့ လွတ်ရှမ်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ သြဂုတ်ဒုတိယအပတ်ကစပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။

လွတ်ရှမ်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အ တွက် ပူးပေါင်းတပ်ဖွဲ့ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ လက် နက်ခဲယမ်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပေးမယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ ရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အနန်းကွင်းစစ်ဗျူဟာစခန်းနဲ့ လွတ်ရှမ်းစခန်းမကျရေးအတွက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ လွတ်ရှမ်းစခန်းကို ဆုံးရှုံးလိုက်ရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းကျေးရွာ ရွာလုံးကျွတ်နီးပါး ပျက်စီးထားသလို လွတ်ရှမ်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦတချို့ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် အနန်းကွင်း၊ လွတ်ရှမ်းစတဲ့ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူအ များအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တိုက်ပွဲကြောင့် နယ်မြေဒေသအတွင်းရှိ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...
ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...