သန်းခေါင်စားရင် ကောက်ရန် ကျောင်းတစ်ကျောင်းကို ဆရာ ၂ ဦး ပါဝင်ရမည်

သန်းခေါင်စားရင် ကောက်ရန် ကျောင်းတစ်ကျောင်းကို ဆရာ ၂ ဦး ပါဝင်ရမည်

လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး ပါဝင် ကောက်ယူရန် အကြောင်းကြားစာ ရောက်ရှိလာသည်ဟု ဖားအံမြို့နယ်အတွင်းရှိ ကျောင်းတာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်း ကောက်ရာတွင် ပါဝင်ရမည့် ပညာရေး ဝန်ထမ်းများကို အမည်စာရင်းနှင့်တကွ အကြောင်းကြားစာ ပေးပို့လာပြီး သင်တန်းတက်ရမည် ဖြစ်ကာ အမည်စာရင်းပါဝင်သည့် ဆရာ/ဆရာမ များက စိုးရိမ်နေကြသည်။

ဖားအံမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ကျောင်းတာဝန်ရှိသူတစ်ဦးက “ကျောင်းမှာ နာမည်စာရင်းနဲ့တကွ အကြောင်းကြားစာ ရောက်လာပြီး။ ကျမတို့ ကျောင်းမှာ၂ ယောက်ပါတယ်။ နာမည်စာရင်းပါတဲ့ ဆရာမတွေက သူတို့စိုးရိမ်တယ်။ မလုပ်ချင်ဘူး။ ဒီကာလမှာ သန်းခေါင်စာရင်းကောက်ရင် လုံခြုံမှု မရှိမှာ ကြောက်ရတယ်။ အခုဆို ထွက်ပြေးချင်စိတ် တောင်ပေါက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ခရိုင်အဆင့် သန်းခေါင်စာရင်းနည်းပြသင်တန်းများကို လက်ရှိအချိန်တွင် သင်တန်းပို့ချနေပြီးဖြစ်ကာ မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက် နေ့မှ ၂၉ ရက် နေ့အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာလုံခြုံရေး အဖွဲ့ ဖွဲ့စည်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးကြိုးပမ်းနေသည်ဟု ကျေးရွာဒေသခံများထံမှ သိရသည်။

Most read this week

January 31, 2026
စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည်...
January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...