သန်းခေါင်စားရင် ကောက်ရန် ကျောင်းတစ်ကျောင်းကို ဆရာ ၂ ဦး ပါဝင်ရမည်

သန်းခေါင်စားရင် ကောက်ရန် ကျောင်းတစ်ကျောင်းကို ဆရာ ၂ ဦး ပါဝင်ရမည်

လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး ပါဝင် ကောက်ယူရန် အကြောင်းကြားစာ ရောက်ရှိလာသည်ဟု ဖားအံမြို့နယ်အတွင်းရှိ ကျောင်းတာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်း ကောက်ရာတွင် ပါဝင်ရမည့် ပညာရေး ဝန်ထမ်းများကို အမည်စာရင်းနှင့်တကွ အကြောင်းကြားစာ ပေးပို့လာပြီး သင်တန်းတက်ရမည် ဖြစ်ကာ အမည်စာရင်းပါဝင်သည့် ဆရာ/ဆရာမ များက စိုးရိမ်နေကြသည်။

ဖားအံမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ကျောင်းတာဝန်ရှိသူတစ်ဦးက “ကျောင်းမှာ နာမည်စာရင်းနဲ့တကွ အကြောင်းကြားစာ ရောက်လာပြီး။ ကျမတို့ ကျောင်းမှာ၂ ယောက်ပါတယ်။ နာမည်စာရင်းပါတဲ့ ဆရာမတွေက သူတို့စိုးရိမ်တယ်။ မလုပ်ချင်ဘူး။ ဒီကာလမှာ သန်းခေါင်စာရင်းကောက်ရင် လုံခြုံမှု မရှိမှာ ကြောက်ရတယ်။ အခုဆို ထွက်ပြေးချင်စိတ် တောင်ပေါက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ခရိုင်အဆင့် သန်းခေါင်စာရင်းနည်းပြသင်တန်းများကို လက်ရှိအချိန်တွင် သင်တန်းပို့ချနေပြီးဖြစ်ကာ မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက် နေ့မှ ၂၉ ရက် နေ့အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာလုံခြုံရေး အဖွဲ့ ဖွဲ့စည်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးကြိုးပမ်းနေသည်ဟု ကျေးရွာဒေသခံများထံမှ သိရသည်။

August 1, 2026
ဆောင်းဦးပေါက် (သို့မဟုတ်) ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ...
July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...