မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  စစ်ကောင်စီက  သုံးရက်ဆက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  စစ်ကောင်စီက  သုံးရက်ဆက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ  ( ၃  ) ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၆ ရက် ၊ ၇ ရက် နေ့နှင့် ၉ ရက်နေ့ တို့တွင်  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။



စစ်ကောင်စီသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၄) ဘက်ရှိ ရှိမ်းကျေးရွာ၊ တိုက်နယ်အမှတ် (၂) ချပ်ကျေးရွာ၊ (၃၇) မိုင်ကြားတနေရာနှင့် ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း တိုက်နယ် (၃) တနေရာအား MIG-29 ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးအပြင် ဗုံးအသေး ၃ လုံးခန့် ကြဲချကာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ချပ်ရွာရဲ့ ရွာပြင်ဖက်မှာ ကျတာ၊ လူထိခိုက်မှုမရှိဘူး၊ ကားလမ်း တွပျက်စီးတယ်၊အခုက တိုက်ပွဲ မဖြစ်ဘူးဒီအတိုင်းရမ်းသမ်းပြီးကြဲတာနဲ့ အရင်က စစ်ဘေးရှာင်စခန်းတွေ အဓိက ကြဲခဲ့ပေမယ့်အခုနောက်ပိုင်း ကာကွယ်ရေးစခန်းတွေဖက်ကို ကြဲတာစိပ်လာတယ်” ဟု ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ (၆) ရက်က အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀ အားရှိသည့် ဗုံးသီး ရှစ်လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့်ကားလမ်းနှင့် အခြားပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကိုလည်း ထောက်ပို့လေယာဉ်မှတဆင့် လေထီးများဖြင့် လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပစ္စည်းများလည်း အဆက်မပြတ် ဖြည့်တင်းနေကြောင်း မင်းတပ်မြို့ခံက ပြောသည်။

မင်းတပ်မြို့ခံကတဦးက “ရိက္ခာက တရက်ခြား၊ ၃ ရက်ခြားနဲ့ တောက်လျှောက် လာချတယ်၊ တပ်က မင်းတပ်ကို ပြန်ခုခံဖို့ သဘောရှိတယ်၊ မြို့ထဲက ပြည်သူတွေကလည်း တော်တော်လေး စိတ်ပူနေကြတယ်” ဟုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဩဂုတ် ၂၇ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီမှ ချင်းပြည် နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ခုနစ်ခုတို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၀) ဦးအထိ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအပြစ်မဲ့ အရပ်သားများ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေခြင်း၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ် မှုများပြုလုပ်နေ သောကြောင့်စစ်ကောင်စီအား စစ်ရာဇဝတ်ကောင်၊ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကာ တရားမျှတမှု ရရှိတဲ့အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...