ဧရာဝတီတိုင်းတွင် ဖမ်းဆီးခံ ရခိုင်စစ်ရှောင် အမျိုးသား ၃၀ ဦးခန့် မိသားစုနှင့်အဆက်သွယ်မရဖြစ်နေဟုဆို

ဧရာဝတီတိုင်းတွင် ဖမ်းဆီးခံ ရခိုင်စစ်ရှောင် အမျိုးသား ၃၀ ဦးခန့် မိသားစုနှင့်အဆက်သွယ်မရဖြစ်နေဟုဆို

ဧရာဝတီတိုင်းတွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်အမျိုးသား စစ်ရှောင် ၃၀ ဦးခန့်သည် မိသားစုနှင့်အဆက်အသွယ်မရဘဲဖြစ်နေကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ ဂွနှင့် သံတွဲမြို့နယ်တို့မှငါးဖမ်းသမားများဖြစ်ပြီး ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် စစ်ဘေးရှောင်ရင်း အလုပ် လုပ်ကိုင်နေသူများဖြစ်ကြသည်ဟု သိရသည်။

သူတို့သည် ဩဂုတ်လ ၂၀ ရက်ဝန်းကျင်က ကျုံပျော်မြို့မစျေးအနီး ည ၉ နာရီခန့်တွင် စျေးဆိုင်၊ လက်ဘက်ရည်ဆိုင်မှ ပြန်လာစဉ် ကင်းလှည့်လာသည့်စစ်ကြောင်းက တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသည်မှာ ၁၀ ရက်ခန့်ကြာပြီဖြစ်သော်လည်း မိသားစုနှင့် လုံးဝအဆက်အသွယ်ပြတ်နေကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရေလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေက ညဘက်အလုပ်လုပ်တယ်။ နေ့ဘက် အိပ်ကြတယ်။ အဲတော့ ဧရာဝတီတိုင်းဘက်ကို ရောက်သွားတဲ့ လူမှန်သမျှ အလုပ်မရှိတော့ နေ့နဲ့ည လွဲနေတော့ အဆင်မပြေဘူး။ ညဘက်မှာ အပျင်းပြေ ကျုံပျော်စျေးကြီးကို သွားခဲ့ကြတာ။ အဲဒီမှာ ဆွဲသွားတယ်။ ဘယ်ကိုပါသွားမှန်းမသိဘူး။ အဆက်အသွယ်လည်း မရဘူး"ဟုပြောသည်။

သံတွဲနှင့် ဂွမြို့နယ်မှ ဒေသခံအများစုသည် အဓိက ဧရာဝတီတိုင်းတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေထိုင်နေကြရခြင်းဖြစ်သည်။

ရခိုင်မှ ဧရာဝတီဘက်တွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ တိုင်ကြား၍ နေထိုင်နေရသော်လည်း စစ်ကောင်စီ၏ အမြဲစောင့်ကြည့်ခြင်းကို ခံနေရကြောင်းလည်း စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ကလေးတစ်ယောက်ကို မိဘတွေက မျက်စိဒေါက်ထောက်ကြည့်နေသလိုပေါ့။ စောင့်ကြည့်ခံနေရတယ်"ဟု ပြောသည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်မှ ဒေသခံအများစုသည် ရခိုင်ရှိ လွတ်မြောက် နယ်မြေနှင့် ပြည်မဘက်တို့တွင် စစ်ရှောင်အဖြစ် ခိုလှုံနေကြရသည်။

ယင်းသို့ ပြည်မဘက်တွင် ခိုလှုံနေသည့် ရခိုင်လူမျိုးများကို စစ်ကောင်စီက ယခုနောက်ပိုင်းတွင် အဖမ်းအဆီးများ ခပ်စိပ်စိပ်လုပ်လာနေသည်ဟုလည်း သိရသည်။

သြဂုတ်လ ၂၉ ရက်၊ ညနေ ၆ နာရီခန့်ကလည်း ဂွမြို့ပေါ်တပ်ရင်းများမှဆင်းလာသည့် စစ်ကောင်စီ တပ်သားများသည် ဂွမြို့နယ်၊ ရေကျော်ရွာရှိ စစ်ဘေးရှောင် ရခိုင်လူငယ် ၁၀ ကျော်ကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မည်သည့်နေရာသို့ဖမ်းဆီးသွားခဲ့သည်မသိရသေးဟုဆိုသည်။

ထိုလူငယ်များသည် ရေကျော်ကျေးရွာသို့ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာနှင့် ဂျိတ္တောကျေးရွာများမှ စစ်ဘေးရှောင်ရန်ရောက်ရှိနေသူများဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...