သမ္မတနှင့် ဖရူဆိုမြို့နယ်မှ လူထုတွေ့ဆုံပွဲ အခမ်းအနား မပြုလုပ်နိုင်ခဲ့

သမ္မတနှင့် ဖရူဆိုမြို့နယ်မှ လူထုတွေ့ဆုံပွဲ အခမ်းအနား မပြုလုပ်နိုင်ခဲ့
by -
ကန္တာရဝတီတိုင်း(မ်)
အစိုးရသစ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့ ရောက်ရှိလာသည့် သမ္မတဦးသိန်းစိန်သည် ဖရူဆိုမြို့နယ်မှ လူထုများတွေ့ဆုံပွဲအစီအစဉ်တွင် နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာလူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနား မပြုလုပ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

သမ္မတ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဦးအန်တောညိုက “ဒီမှာ လာမယ့် ထွေအုပ်တွေပြော တော့ တစ်ရွာကို ၅ ယောက် ၆ ယောက်လာရမယ်ဆိုလို့ ကျနော်တို့ ဒီမှာ လာစောင့်နေတာပေါ့။ ဆေးရုံနဲ့ ကျောင်းသွားပြီးပြီ ပြောတော့ ကျနော်တို့ စောင့်တဲ့လူက ပြန်သွားရတော့တာပေါ့”ဟု ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ သမ္မတနှင့်တွေ့ဆုံရန် အခမ်းအနားကို ဖရူဆိုမြို့ ခန်းမဆောင်အသစ်တွင် ကြိုတင်ပြင်ဆင်ထားကြပြီး ကျေးရွာလူထု ကိုယ်စားလှယ်တချို့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း တချို့တို့က မနက် ၁၀ နာရီမှာ စတင်စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် သမ္မတမှာ နေ့လည်ချိန်တွင်ရောက် ရှိလာပြီး ဆေးရုံနှင့် အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ပြန်လှည့်ပြန်သွား သည့်အတွက် ခန်းမဆောင်တွင် စောင့်ဆိုငးနေခဲ့ကြသည့် ပြည်သူများမှာ ကျေနပ်မှုမရှိကြောင်း ဒေါကုခူကျေးရွာမှ ဦးဖရေးရယ်က ပြောသည်။

၎င်းက “ကျေးရွာအသီးသီးက လိုအပ်ချက်တွေ မီးကိစ္စတွေ တင်ပြချင်တယ်။ မျှော်လင့်ချက်ကြီးကြီးနဲ့ လာခဲ့တာပေါ့။ ကျနော်တို့ကို ပြန်မတွေ့တော့ အားရကျေနပ်မှုမရှိဘူးပေါ့”ဟု ပြောသည်။

သမ္မတနှင့် တွေ့ဆုံခွင့်ရရှိပါက ဖရူဆိုမြို့နယ်၏ အခက်အခဲဆုံးဖြစ်သည့် ရေရှားပါးမှုပြဿနာကို တင်ပြရန် စီစဉ်ထားသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရီးချက်က ပြောသည်။

“တကယ်လို့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် ကျနော်တို့ မြို့နယ်မှာ အခက်အခဲရှိဆုံး သူ့ကို တင်ပြချင်တာပေါ့ နော်။ ဖရူဆိုမြို့နယ်မှာ အခက်အခဲဆုံးက ရေပေါ့။ အဲဒီရေတစ်ခု ပြောဆိုခွင့်ရှိခဲ့ရင် အဲဒီတစ်ခု တင်ပြဖို့ပေါ့။ တောင်းလည်း တောင်းဆိုချင်တာပေါ့နော်”ဟု ဦးရီးချက်က ပြောသည်။

သမ္မတလာမည်ဟု ဆိုသည့်အတွက် ကျေးရွာအုပ်စုအလိုက် တစ်အုပ်စုလျှင် အနည်းဆုံး အယောက် ၃၀ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...