ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုပြင်းထန်

ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲပြန်လည်ဆင်နွဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု  ၂ ရက်အတွင်း အကြိမ် ၃၀ ကျော်ပြုလုပ်ထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ယခင်က မအောင်မြင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းပိုက်နိုင်ရေးအတွက် ယခု ဩဂုတ်လ ၁၉ ရက်နေ့ကစ  ပြန်လည်ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျက်ဖိုက်တာ တိုက်လေယာဉ် နဲ့ ထောက်ပို့လေယာဉ်အမျိုးအစား Y-12 တွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်တာဟာ  ဩဂုတ်လ ၂၀ ရက်နေ့မှာ ၆၇ လုံး ၊ ၂၁ ရက်နေ့မှာ  ဗုံးအလုံးရေ ၁၀၀ ကျော် ကျဲချခဲ့တယ်လို့   ထီးချိိုင့်မြို့က တော်လှန်ရေးသတင်းများကို ဖော်ပြနေတဲ့ Tigyaing Revolution – TR က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ နဲ့ ၂၁ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်လုပ်ခဲ့ကာ  ကုက္ကိုလ်ကုန်းဘုန်းကြီးကျောင်းအပါအဝင် ကျေးရွာတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နီတာကျေးရွာတွင်လည်း စစ်ကောင်စီးရဲ့လေကြောင်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး နှင် အမျိုးသမီး လက်နက်ကြီးထိမှန်ကြောင်းသိရသည်။

ထီးချိုင့်မြို့တွင်တော်လှန်ရေးတပ်ဖွဲ့များ ဒုတိယကြိမ် မြို့သိမ်းတိုက်ပွဲကြောင့်  ထီးချိုင့်မြို့ နှင့် မြတောင်ကျေးရွာ တွင်နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဒေသခံတစ်ဦးက ပြောဆိုပါတယ်။  

မြို့သိမ်းတိုက်ပွဲကြောင့် ကုက္ကိုလ်ကုန်း ၊ နီတာ ၊ နဝရက် ၊ စံပြ ၊ မြတောင် ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မြို့အနီးကျေးရွာတွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တော်လှန်ရေးအင်အားတွေအနေနဲ့ ထီးချိုင့်မြို့ကို သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်ရှိပါတယ်။

ထီးချိုင့်မြို့ပေါ်က ဒေသခံအားလုံးဟာ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ရဲ့ တစ်ဖက်ကမ်းရှိ မြတောင် ၊ မောင်းကုန်း ကျေးရွာ နဲ့ အလည်တောကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...