ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ စစ်သားစုဆောင်းခံနေရ

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ စစ်သားစုဆောင်းခံနေရ

ထိုင်းနိုင်ငံ ရနောင်းထောင်မှာ အကျဉ်းကျခံရပြီးနောက် ထိုင်းအရာရှိတွေပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်ကို စစ်ကောင်စီအရာရှိတွေက အတင်းအကျပ် စစ်မှုထမ်းခိုင်းလိုက်တယ်လို့ မိသားစုဝင်တွေက ဩဂုတ် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝန်း အရှုံးပွဲအလီလီ ကြုံတွေ့နေပြီး နယ်မြေများစွာ လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ပြန်ပို့လိုက်တဲ့ အဲဒီမြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီး အကျဉ်းကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက်မှာ ထိုင်းအရာရှိတွေက ရနောင်းထောင်မှာ အကျဉ်းကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ကော့သောင်းသို့ပို့ဆောင်ခဲ့ပါတယ်။ နောက်ပြီး ဩဂုတ်လ ၇ ရက်မှာ နောက်ထပ် မြန်မာ ၁၂၀ ကျော်ကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပို့ဆောင်လိုက်သူတွေထဲက ပထမအသုတ်မှာ လူ ၂၃ ဦး၊ ဒုတိယအသုတ်မှာ ၄၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းဒေသခံတွေက ပြောကြားခဲ့ပါတယ်။

ထိုင်းကနေ ပြန်ပို့လိုက်သူ အားလုံးဟာ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး ပဲခူးနဲ့ရန်ကုန်လို မြို့ကြီးတွေက လူငယ်တွေကတော့ လာဘ်ငွေပေးနိုင်တာကြောင့် ပြန်လွတ်သွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ ဒေသခံအချို့ကတော့ စစ်မှုထမ်းဖို့ တပ်သားသစ် အဖြစ် ခေါ်ယူခံလိုက်ရပါတယ်။ ငွေပေးနိုင်သူတွေကိုတော့ စစ်တပ်က ချက်ချင်း ပြန်လွှတ်ကြောင်း ဒေသခံတွေက ပြောပါ တယ်။

စစ်မှုမထမ်းလိုသူတွေ အနေနဲ့ ငွေကျပ် ၅ သိန်းကစပြီး အဲဒီထက်ပိုပေးကြရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုင်းမှာ တရားဝင်အထောက်အထားမရှိလို့ ဖမ်းဆီးခံရတဲ့ လူငယ်တစ်ယောက်ကိုတော့ ကော့သောင်းကို ပြန်ပို့ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူရဲ့ ယောက္ခမက ပြောပါတယ်။ အဲဒီလူငယ်လေးက ထိုင်းငွေ ဘတ် ၆ ထောင်ပေးလို့ ပြန်လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေကို ကော့သောင်း အခြေစိုက်ခြေမြန်တပ်ရင်း ခမရ ၂၆၂ ဆီ အရင်ဆုံး ခေါ်သွားတယ်လို့ သိရပါ တယ်။ စုဆောင်းခံရသူတွေကို ကျွဲတွေနွားတွေလို ကားပေါ်တင်ပြီးစစ်သားတွေက ခေါ် သွားတာလို့ အဲဒီ အမျိုးသမီးကပြောပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...