နောင်ချိုမြို့ ရွေ့လျားစျေးသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲ

နောင်ချိုမြို့ ရွေ့လျားစျေးသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ရွေ့လျားစျေးသို့ စစ်ကောင်စီမှ ယနေ့(ဩဂုတ်လ ၁၅ ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

ရွေ့လျားစျေးသည် နောင်ချိုမြို့ ဘူတာရပ် အောက်ဖက်၊ ဒေါ်သန်းသန်းဦးအဆောင်အနီး တလမ်းကျော်၌ ဖွင့်လှစ်ထားချိန် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း နောင်ချိုမြို့ခံများထံမှ သိရသည်။

“စျေးကျဲချိန်ဖြစ်လို့ လူထိခိုက်မှုသိပ်မရှိလိုက်ဘူး။ စျေးက အထိုင်မဟုတ်ဘဲ သုံးလေးရက် တခါရွေ့နေတာပါ။ ရွေ့လျားစျေးဗျာ ပြည်သူတွေကို သက်သက်သတ်ချင်နေတာ။ တအားယုတ်မာတဲ့အဖွဲ့စည်းပါပဲ” ဟု နောင်ချိုမြို့ဒေသခံမှ မဇ္ဈိမကိုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်အခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောင်ချိုမြို့၏ အရှေ့တောင်ဘက် မြို့ပြင်ကျေးရွာများဖြစ်သော တောင်ခမ်းနှင့် နောင်လင်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော်လည်း လက်ရှိ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်သွားသောနေရာသည် တိုက်ပွဲဖြစ်ပွားသည့်နေရာ မဟုတ်ဘဲ အရပ်သားများ ရောင်းဝယ်ဖောက်ကားသည့်နေရာသာဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့ပေါ်ကို တအာင်းအမျိုးသားတပ်မတော် (TNLA )မှ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့မှစတင်ကာ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်တွင် TNLA အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိသည်။

စစ်ကောင်စီသည် သီပေါမြို့သို့လည်း ယနေ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲပြီး ဗုံးအလုံးရေ ၁၂၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA မှထုတ်ပြန်ထားသည်။

မြေပြင်တိုက်ပွဲများ၌ စစ်ရှုံးနေသောစစ်ကောင်စီသည် လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများကို ဦးတည်သည့် တိုက်ခိုက်မှုများပြုလုပ်နေကြောင်းနှင့် စစ်ရာဇဝတ်မှုများကျူးလွန်နေကြောင်း TNLA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...