သီပေါမြို့နယ် စစ်ကောင်စီတပ် ခမရ(၁၄၇)ကို MNDAA တိုက်ခိုက်သိမ်းပိုက်

သီပေါမြို့နယ် စစ်ကောင်စီတပ် ခမရ(၁၄၇)ကို MNDAA တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ- ၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်၏ အမှတ် (၁၄၇) ခြေမြန်တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ကပဲ ကိုးကန့်တွေ ထပ်ပြီးသိမ်းလိုက်တာ။ အဲ့နောင်ကော်ကြီးရွာရဲ့ တောင်ပေါ်မှာရှိတဲ့ တပ်စခန်းကို မနေ့ ၄ နာရီဝန်းကျင်ပဲ သူတို့ သိမ်းနိုင်သွားတာ”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ စတင်ပြီး သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

MNDAA သိမ်းပိုက်လိုက်သည့် နောင်ကော်ကြီးကျေးရွာသည် သီပေါမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်သည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၀ ရက်တွင် ပြန်လည်စတင်ခဲ့သည့် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

အလားတူ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ တစ်ဘက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...