ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းလူစာရင်းစစ်ဆေးမှုပြုလုပ်

ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းလူစာရင်းစစ်ဆေးမှုပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကလေးမြို့မှ တက်လာတဲ့ စစ်ကောင်စီ စစ်သား ၅၀ ကျော်နဲ့ ခိုင်ကမ်းရဲစခန်းမှ ရဲများ ပူးပေါင်းကာ  မြို့တွင်း တစ်အိမ်တက် တစ်အိမ်ဆင်းပြီး အိမ်ထောင်စုစာရင်း နှင့် လက်ရှိ နေထိုင်တဲ့ လူစာရင်း စစ်ဆေးမှုများကို  ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

"စစ်သားတွေ မြို့ထဲ ဝင်လာတဲ့ သတင်း ကြားတော့ လူငယ်လူရွယ်တွေ က တောထဲကို ရှောင်ပြေးခဲ့ကြတယ်။ တချို့ အိမ်တွေဆို ပိုက်စိပ်တိုက် ရှာဖွေတာတွေ လုပ်တယ်။ သေတ္တာတွေပါ ဖွင့်ပြီး စစ်ဆေး ကြတယ်။ အိမ်ထောင်စု စာရင်းရှိ လူဦးရေ နှင့် လက်ရှိ နေထိုင်တဲ့ လူကို လာစစ်ကြတယ်" လို့ ဒေသခံတစ်ဦး က Chin World Media ကိုပြောပါတယ်။

" စစ်သားတွေကတော့ ဘာမှ မပူနဲ့၊ ဒေသခံတွေကို ဘာမှ မလုပ်ဘူး လို့ ပြောသွားတယ်။ ဒါပေမယ့် တောင်ပေါ်ကနေ ဆင်းလာတဲ့ ခရီးသွား လူငယ် သုံးယောက်ကို တော့ ဖမ်းခေါ်သွားတာ တွေ့ရတယ်။ ညနေ မိုးမချုပ်ခင်လေးမှာ ကလေးတက္ကသိုလ် မုခ်ဦး ကနေ ပြန်လွှတ်ပေးပြီး အိမ်ပြန်ခိုင်း လိုက်တယ်" လို့ ယင်းဒေသခံမှ အခြေအနေကို ဆက်လက် ရှင်းပြ ပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်တောင်ခြေရင်းရှိ ခိုင်ကမ်းမြို့မှာ ဘာကြောင့် အခုလို စစ်ဆေးသလဲ ဆို‌တာတော့ ရှင်းရှင်းလင်းလင်း မသိရဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခိုင်ကမ်းမြို့တွင် ရပ်ကွက် ၄ ခုရှိပြီး ယင်း ရပ်ကွက် အားလုံးမှာ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်သွားခဲ့တယ် လို့ သိခဲ့ရပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...