ယောဒေသမှာ ရှစ်လေးလုံး ၃၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

ယောဒေသမှာ ရှစ်လေးလုံး ၃၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် -၃ စစ်ကြောင်းက ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။

ABSDF ဗဟိုရဲ့ ထုတ်ပြန်ချက်အတိုင်း လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်ဟုန်မြှင့်တင်နိုင်ဖို့ ABSDF Column -3 အမှတ် ၁၂ တပ်ရင်း ယောဒေသမှာ အခမ်းနားပြုလုပ်ခဲ့တာပါ။

“ရှစ်ဆယ့်ရှစ်နဲ့ နွေဦးတော်လှန်ရေးကြားထဲမှာ ရှစ်ဆယ့်ရှစ်ကို မမီလိုက်တဲ့ ရဲဘော်တွေလည်းရှိတယ်။ မီလိုက်တဲ့ရဲဘော်တွေလည်း။ အဲဒီအပေါ်မှာ ရှစ်ဆယ့်ရှစ် သမိုင်းကြောင်းကို လက်ဆင့်ကမ်းပြောကြားလာခြင်းဖြစ်တယ်။ ဒီမိုကရေစီအရေးတော်ပုံရဲ့ သမိုင်းကြောင်းကို အဓိကဖော်ထုတ်နေခြင်းလည်းဖြစ်ပါတယ်” လို့ ABSDF Column -3 ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိမှာလည်း LPDF တွေ PDF တွေနဲ့ အတူပူးပေါင်းတိုက်ပွဲဝင်နေပြီး ရှေ့ဆက်လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ကိုပြည့်ဖြိုးကျော်ကပြောပါတယ်။

အခမ်းအနားမှာ မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲတွေမှာအသက်စွန့်ခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုခြင်းနဲ့ ABSDF ဗဟိုရဲ့ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့် ထုတ်ပြန် ကြေညာချက်ကို ဖတ်ကြားခြင်း အပြင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ အကြောင်း ဟောပြောတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ABSDF Column-3 ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့်အခမ်းနားကို ယောဒေသရှိ ဒေသကာကွယ်ရေး အဖွဲ့၊ ပအဖ၊ ပကဖ၊ PDF နဲ့ ဒေသခံ ရဟန်းရှင်လူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...