ပင်လုံ SSPP တပ်စခန်းနေရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ

ပင်လုံ SSPP တပ်စခန်းနေရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့အနီး ဆနင်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ ၇ ရက်  ညနေ ၃ နာရီခွဲကျော်အချိန်တွင် ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ် နားစင်းရွာ (ဝၢၼ်ႈၼႃးၸိုၼ်း) အနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ ဆနင်းတောင်ကြောပေါ် နားစင်းရွာ (ဝၢၼ်ႈၼႃးၸိုၼ်း) နားမှာ စစ်ကောင်စီက ဗုံးလာကြဲတယ်ဆိုတာ ဟုတ်တယ်။ တပ်စခန်းနား ကျတာတော့ မဟုတ်ဘူး၊ တောထဲမှာဆိုတော့ ထိခိုက်ဒဏ်ရာ ရတဲ့သူမရှိဘူး။ ပြည်သူနေအိမ်နဲ့ နတ်စင်တော့ ဗုံးဆံ ထိမှန်တယ်။ လေယာဉ်နဲ့ ၂ ခါ ၃ ခါ လာပြီး ပေါင် ၅၀၀ ဗုံး လာချသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခု လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရသည့် ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ်ရှိ SSPP စခန်းတွင် သေဆုံးဒဏ်ရာရသူ မရှိဘဲ ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်နှင့် နတ်စင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ်ရှိ SSPP တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အခြားတဘက်တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ခန့်ကို MNDAA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်လွှတ်ပေးခဲ့ရာ ‘ဝ’တပ်ဖွဲ့ UWSA နှင့် သျှမ်းတပ် SSPP/SSA တို့က တဆင့်ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...