စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကွတ်ခိုင်မြို့မဈေး အားလုံးနီးပါး မီးလောင်

စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကွတ်ခိုင်မြို့မဈေး အားလုံးနီးပါး မီးလောင်

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆိုင်ခန်းပေါင်းအားလုံးနီးပါး မီးလောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၅)ရက် ညနေပိုင်း ၃နာရီကျော်တွင် ကွတ်ခိုင်မြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းအားလုံးနီးပါး မီးလောင်းမှု ဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

" စစ်တပ်ဗုံးချတာ ၄/၅ ရပ်ကွက်နဲ့ သစ်တောရုံးတို့ဘက်မှာ ဗုံး ၇လုံးလောက်ချတယ်။ အိမ်ထိခိုက်တာများတယ် ။ ပေါင် ၅၀၀ က မြို့မဈေးထဲနဲ့ ကွတ်ခိုင်လမ်းဆုံတစ်နေရာမှာ ပေါက်ကွဲတော့ လမ်းသွားလာသူကိုထိတော့ ပွဲချင်းပြီး ၅ ဦးဆုံးသွားပြီး ဒဏ်ရာရတဲ့ ၄ ဦးကိုတော့ အနီးစပ်ဆုံးဆေးရုံကို ပို့ပေးတယ်’’ ဟု မြို့နယ်ဒေသခံ အမျိုးသားက ပြောသည်။

ကွတ်ခိုင်မြို့ ပြည်သူများသည် ထိုမီးလောင်းသွားသည့် မြို့မစျေးကို အားကိုးနေရပြီး၊ ယခုကဲ့သို့ မီးလောင်မှုသည် ပြည်သူများအတွက် ဆုံးရှုံးမှုများဖြစ်ကာ ခေတ်ကာလ မကောင်းချိန်တွင် ဖြစ်ပွားသဖြင့် ဆိုင်ရှင်များလည်း အခက်အခဲဖြစ်ကြောင်း အသက် ၃၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

" ပြည်သူတွေက ဆိုင်တွေကိုပဲ အားကိုးဝယ်စားကြတယ်လေ ။ စစ်တပ်က ဗုံးလာကြဲတော့ ပြည်သူတွေ ဒုက္ခရောက်ကုန်ပြီ ကျနော်ရဲ့ သူငယ်ချင်းဆိုင်ဆိုရင် ဆုံးရှုံးမှု သိန်းသောင်းရာချီလောက်ရှိတယ်။ ဖုန်းဆိုင် ၊ ဆေးဆိုင်တွေဆို ဘာတစ်ခုမှမကျန်အောင် မီးထဲပါသွားတယ် ’’ ဟု ၎င်းက ပြောသည်။

ကွတ်ခိုင်မြို့မစျေး မီးလောင်မှုဖြစ်ပွားနေစဉ် ခိုးဆိုး၊လုယက်မှုတွေ ပစ္စည်းခိုးယူခြင်းတွေမရှိအောင် TNLA တပ်ဖွဲ့ဘက်က လုံခြုံရေးများ တစ်ညလုံးချပေးထားသည်ဟု သိရသည်။

ကွတ်ခိုင်မြို့တွင်နေထိုင်သူများသည် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးလာရောက်ထပ်မံကြဲမည်ကို စိုးရိမ်နေကြသည်။

Most read this week

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...