PNLA ဌာနချုပ်အနီး စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက် ဆီဆိုင်မြို့ခံများ ထပ်မံစစ်ရှောင်နေရ

PNLA ဌာနချုပ်အနီး စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက် ဆီဆိုင်မြို့ခံများ ထပ်မံစစ်ရှောင်နေရ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် သို့ စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူများ အသက်အန္တရာယ်စိုးရိမ်နေရပြီး ထပ်မံ စစ်ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲများမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်း ယခုအခါတွင် စစ်ကောင်စီနှင့် ပူးပေါင်း ပြည်သူ့စစ်တပ် များသည် ဆီဆိုင်နှင့် မောက်မယ်နယ်စပ်ရှိ PNLA ဌာနချုပ်အတွင်းရှိ ကဒူးကြီးဒေသသို့ ဩဂုတ်လ ၃ရက်တွင် သွားရောက်တိုက်ခိုက်သည့်အတွက် ပြည်သူများမှ တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။

“ မြို့ထဲမှာလည်း ဘယ်နေသာမလဲ၊ သွားလာရင် တစ်နာရီလောက်ပဲကြာတဲ့ခရီးဆိုတော့ အရင်လိုတိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်ရတာပေါ့၊ နောင်ထောင်ကလူတွေဆို မောက်မယ်ဖက်ကိုတက်သွားတဲ့လူရှိတယ်၊ အခု ဆီဆိုင်မြို့ထဲမှာလည်း လူတွေ က ပစ္စည်းတွေအသင့်လုပ်ထားရတာပေါ့ ဈေးလည်းမသွားရ၊ ခြံလည်းမသွားရ အိမ်မှာနေလည်း စိတ်မသက်သာဘူး၊ ထွက်သွားတဲ့လူတွေက ထွက်ပြီ” ဟု ဆီဆိုင်မြို့ခံ အသက်၄၀ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄၊ ၄၂၃ တပ်မှ ပိတ်ဆို့ ထားပြီး ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့လည်း ပြတ်တောက်ထားသည်။

စစ်ထပ်မံရှောင်ရသည့် ကလေးမိခင်တစ်ဦးက “ ကျမတို့ကို အိမ်ပြန်နေဖို့လည်း သူတို့ပဲပြောတယ်၊ ကလေးတစ်ဖက် နဲ့ သွားရလာရ မလွယ်ဘူး၊ အခုလည်း မိုးတောက်လျှောက်ရွာနေတာ၊ ပြေးမယ်ဆိုလည်း ကားလမ်းတွေကပိတ် ထားတယ်၊ ၂နှစ်အရွယ်ကလေးကို လူကြုံထည့်လို့လည်းမရ ကိုယ်သွားရင်လည်း အရင်လိုအိမ်ပေါ်တက်ပြီး ထပ်မွှေ ထပ်ခိုးခံရမှာကြောက်တာ၊ ပြန်ပြင်ထားတာမှ မကြာသေးဘူး ၊ဘာလုပ်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃၊ ၄၂၄ တပ်ရင်းများမှ ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လများတွင်လည်း ဆီဆိုင်မြို့ အနီး တစ်ဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အချိန်မတော် နေ့စဉ်နီးပါးပစ်ခတ်လျက်ရှိပြီး ထိခိုက်ပျက်စီးမှု များ လည်းရှိနေကြောင်းသိရသည်။

ဆီဆိုင်မြို့ပေါ်သို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဧပြီလတွင် ဆော်ဩခိုင်းခဲ့ကြောင်း ယခု ဗုံးကြဲမှုနှင့် ပတ်သက်သည်ကိုလည်း ပြည်သူများကို တစ်စုံတစ်ရာ ပြောဆိုကြေညာပေးခြင်းမရှိကြောင်းသိရသည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...