ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ  ၆ ရက်နေ့ထိ တစ်ပတ်စာ တုံကင်ပြည့်နေပြီဖြစ်တဲ့အပြင် နောက်ထပ် အင်တာနက်လိုင်းသုံးဖို့ စောင့်နေရတဲ့လူတွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

“ဖားကန့် လေယာဉ်လက်မှတ်အရောင်းဆိုင် kpay လွှဲထုတ်ရတဲ့ ဆိုင်က လူတစ်ဦးကို နာရီဝက်အထိပဲ သုံးခွင့်ပြုတာ၊ ဒီနေ့ တုံကင်ယူမယ်ဆို နောက်လ ၆ ရက်နေ့ကိုရမှာ ကြားထဲလူအပြည့်ဖြစ်နေလို့တဲ့”လို့ ပြောပါတယ်။

လက်ရှိ ဖားကန့်မြို့တွင်း  လေယာဉ်လက်မှတ်ရောင်းတဲ့ဆိုင်နဲ့ ငွေလွှဲ၊ငွေထုတ်လုပ်တဲ့ဆိုင် ၂ ဆိုင်မှာအက်တာနက်သုံးလို့ရနေပေမယ့် ဆိုင် ၂ ဆိုင်စလုံး တစ်ပတ်စာ တုံကင်ပြည့်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် တုံကင်ယူထားသူတွေ အိမ်ခနတစ်ဖြုတ်ပြန်သွားတာ၊ တုံကင်အလှည့်ရောက်ချိန် ရှိမနေပါက အစားဝင်သုံးလို့ရနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“အင်တနက်သုံးဖို့တန်းစီနေတဲ့သူတွေ များတယ် တန်းစီနေတာပဲ လူအုပ်က သွားစောင့်နေပြီး တုံကင်သမားမလာရင်တော့ အဲ့နေရာအစားဝင်သုံးလို့ရတယ်” လို့ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်သတင်းတွေကို လူမှုကွန်ရက် Facebook ကနေတဆင့် ပြည်သူတွေ သိရှိနေတာဖြစ်တဲ့အတွက် ဖားကန့်ပြည်သူတွေကလည်း သတင်းအချက်လက်ရဖို့ လူမူစီးပွားအတွက် အင်တာနက်သုံးရဖို့ တစ်နေကုန်လာရောက်စောင့်ဆိုင်းနေသူတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံး  ဖုန်း၊အင်တာနက်လိုင်းတွေကို ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ပြတ်တောက်နေတာကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို KNG က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။

အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။

April 11, 2026
စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ...
April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...
April 8, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...