အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ဇူလိုင် ၂၅ ရက်ကစ၍ ကုန်ပစ္စည်းတင်သွင်းခွင့် ယာယီပိတ်ထားသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့ ဇိုခေါထာရ်ကျေးရွာသို့  ရောက်ရှိလာမည့်အတွက် ကုန်ပစ္စည်းအဝင်အားလုံးကို အကောက်ခွန်ဌာနက ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းကစ၍ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများသည် ဟိုဘက်ဒီဘက်အဝင်/အထွက်နှင့် တနိုင်တပိုင် စားသောက် ကုန်များသယ်ယူခွင့်ရသော်လည်း စီးပွားဖြစ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရကြောင်း သိရသည်။

ယခုကဲ့သို့ ကုန် ပစ္စည်းများ ယာယီပိတ်ပင်မှုသည် မည်သည့်အချိန်ထိကြာမြင့်မည်ကို ပြောဆိုမရသေးကြောင်း ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ကို ဖြတ်၍ အိန္ဒိယပြည်မဘက်သို့ အလုံးအရင်းဖြင့်တရားမဝင်တင်သွင်းမှုရှိနေသည်ဟုတိုင်းကြာချက်အပေါ် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့က လာရောက်စုံစမ်းခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်က ကွမ်းသီးခြောက်များကို အကောက်ခွန်ဌာနတွင် အခွန်ဆောင်ကာ တရားဝင်လမ်းကြောင်းဖြင့် သယ်ယူခွင့်ရှိသော်လည်း ကွမ်းသီးကုန်သည်အများစုမှာ အခွန်အခနှုန်းထား မြင့်တက်သည့်အတွက် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ယူလေ့ရှိကြပြီး မီဇိုရမ်ရဲတပ်ဖွဲ့က နေ့စဉ်နီးပါးဖမ်းဆီးရမိကြောင်း သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...