လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်

လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင် လားရှိုးမြို့တစ်ဝှိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာပဲ သတင်း ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိတော့ စစ်ကောင်စီတပ်က မြို့ထဲက မြို့တော်ခန်းမအနီးထိတပ်ဆုတ်သွားပြီး ကိုးကန့်တပ် MNDAA ကလည်း လားရှိုးမြို့တွင်းရပ်ကွက်တွေထဲထိဝင်ရောက်ကာ စစ်ကောင်စီတပ် နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

“ဟုတ်တယ် သိမ်းလိုက်ပြီ ၄၁ ကသိမ်းလိုက်ပြီ တပ်ဘက်ကလည်းဆုတ်လိုက်ပြီ။ ဆုတ်ပြီးတော့ မြို့တော် ခန်းမနားမှာ ကာကင်းလုပ်ထားတယ်။ အခုက လားရှိုး ထောင်ကြီးနား ကောင်းခါးရွာမှာ တိုက်ပွဲတော်တော် ဖြစ်နေတယ်။ ကိုးကန့်က မြို့ထဲရောက်သွားပြီပေါ့နော်”လို့ပြောပါတယ်။

MNDAA ဘက်က လားရှိုးမြို့အဝင်က ခလရ ၄၁ သိမ်းပိုက်တဲ့အခြေနေနဲ့ တိုက်ပွဲအကြောင်း တစ်စုံတစ်ရာတော့ထုတ်ပြန်ထားတာမရှိပေမဲ့ လားရှိုးမြို့တစ်ဝှိုက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ယောက် လက်နက်ချ အညံ့ခံခဲ့ တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။။

လားရှိုးမြို့နယ်အတွင်းမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေပြီး အခြေနေအမျိုးမျိုး ကြောင့် လားရှိုးမြို့ထဲပိတ်မိနေသူတွေရှိနေဆဲလို့သိရပါတယ်။

ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့ ကို ပြီးခဲ့တဲ့ဇူလိုင်လအစကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ် လို့ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြေပြင်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီး လားရှိုးမြို့အဝင်က ခလရ ၄၁ တပ်ရင်းကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

February 10, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို...
February 9, 2026
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ...
February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...