ဟားခါး-ထန်တလန်ကြား စစ်စခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်များ သိမ်းပိုက်၊ ကျန်စစ်စခန်း ၁ ခုကို ဆက်လက်တိုက်ခိုက်နေ

ဟားခါး-ထန်တလန်ကြား စစ်စခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်များ သိမ်းပိုက်၊ ကျန်စစ်စခန်း ၁ ခုကို ဆက်လက်တိုက်ခိုက်နေ

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်း များက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်စခန်း ၃ ခုကို အပြီးသတ် သိမ်းပိုက်ထားပြီး စစ်စခန်း ၁ ခုကို ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီက တည်ထားတဲ့ တပ်စခန်းငယ်တွေကို ကျနော်တို့ ရှင်းလင်းမှုတွေ လုပ်တာဖြစ်တယ်။ အဲဒီမှာ စခန်းငယ် ၃ ခုက အားလုံး သိမ်းပြီးပြီ။ နောက်တစ်ခုက နည်းနည်းအချက်အချာ ကျတဲ့ စခန်းက အခုက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းမှ စတင်၍ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ စစ်စခန်းများကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အော်တိုတောင်ကုန်းပေါ်က အထိုင်ချတပ်စခန်းသို့ စစ်ကူပေးပို့မှုများ ပြုလုပ်နေကြောင်း CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ စစ်ဆင်ရေးသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့က စစ်ကောင်စီတပ်များအကြား မချိတ်ဆက်နိုင်စေရန် ဖြတ်တောက်ပစ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က အဓိက ချင်းပြည်ကနေ စစ်ကောင်စီ ကင်းစင်ရေးက အဓိက လိုအပ်ချက်ပေါ့။ အဲဒီမှာ စစ်ရေးအရ နေရာဒေသအရ ဗျူဟာအရ ကြည့်ပြီးတော့ ထိုးစစ်ဆင်တာ ဖြစ်တယ်။ ဟားခါးနဲ့ ထန်တလန်က စစ်ကောင်စီစခန်းတွေ ချိတ်ဆက်မှုကို ဖြတ်တောက်ဖို့က အရင်က အဲဒီမှာ ကျနော်တို့ နေရာယူထားတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ ကျနော်တို့ တပ်တွေ ဆုတ်ထား တယ်။ အခု အဲဒါကို ပြန်ယူတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်များက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ တပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော် CNF/ CNA ၊ CDF – ဟားခါး၊ CDF – ထန်တလန်၊ CDF – ဇုံဖေ၊ CDF – လောက်တူ၊ CDF – Senthang၊ CDF-KKG၊ People Defence Army – PDA ၊ CDF – Vakok စသော ချင်းပူးပေါင်းတပ်ဖွဲ့ ၉ ဖွဲ့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...