ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင်  ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်လာသည်။

ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Hakha မှ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

ထိုရုန်းတောင်စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်ခဲ့ကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျှက်ရှိကြသည်။

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...