CYLA က ရခိုင်ဘက်ကို စားသောက်ကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု၊ စက်သုံးဆီများအား ဆက်လက်ပိတ်ထား

CYLA က ရခိုင်ဘက်ကို စားသောက်ကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု၊ စက်သုံးဆီများအား ဆက်လက်ပိတ်ထား

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို ဗဟိုလိုင်းလူငယ်များအသင်း (CYLA) က ယမန်နေ့ညကစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီး စက်သုံးဆီများကိုမူ တင်းကြပ်စွာ ဆက်လက်ပိတ်ပင်ထားသည်ဟု သိရသည်။

လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီတင်သွင်းမှုကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၆ ရက်နေ့က တရားဝင်ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီးသည့်နောက် ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်ညကစ၍ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို CYLA က ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု The Lawng tlai Post က ဖော်ပြသည်။

အခြေခံစားသောက်ကုန်များအား မြန်မာဘက်သို့ တင်သွင်းပြုလိုက်ပြီဖြစ်သော်လည်း စက်သုံးဆီများ တင်သွင်းခွင့်ကိုမူ တင်းကြပ်စွာဆက်လက်ပိတ်ပင်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များကိုလည်း ဆက်လက်ထားရှိသွားမည်ဟု CYLA က ဆိုသည်။

လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်းနှင့် စက်သုံးဆီများ တင်သွင်းမှုများသည် အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ် အသုံးပြုနေသည့်အတွက်ဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့ကစ၍ CYLA က ပိတ်ပင်ထားခြင်းဖြစ်သည်။

ယခုအခါ မြန်မာဘက်သို့ စားသောက်ကုန်များတင်သွင်းခွင့်ပြုပြီဖြစ်သည့်အတွက် လောင်တလိုင်မြို့ဈေးထဲတွင် မြန်မာဘက်ကို စားသောက်ကုန်များပို့မည့် ကုန်တင်ကားအမြောက်အများဖြင့် စည်ကားနေသည်ဟု သိရသည်။

အခြေခံစားသောက်ကုန်များကို လောင်တလိုင်မြို့မှတဆင့် Hruitezawl နှင့် Zochachhuah ဘက်သို့ပို့ဆောင်ကာ ထိုမှတဆင့် Chhimtuipui ကုလားတန်မြစ်အတိုင်း စက်လှေများဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ သယ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...