စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေမှာ KNU အုပ်ချုပ်ရေးစတင်ဖို့ ပြင်ဆင်

စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေမှာ KNU အုပ်ချုပ်ရေးစတင်ဖို့ ပြင်ဆင်

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေကို စနစ်တကျထိန်း ချုပ်သွားဖို့နဲ့ KNU အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်အ မျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ဟာ အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ စုကလိမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဖာပွန်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး အဲဒီထဲက မြို့တချို့မှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတာပါ။

ကျိုက်ဒုံမြို့မှာ စစ်ကောင်စီတပ်စခန်း လုံးဝမရှိတော့ဘဲ စုကလိ၊ ဘုရားသုံးဆူ၊ ဖာပွန်မြို့အနီးမှာတော့ စစ်ကောင်စီတပ်စခန်းအချို့ ကျန်ရှိနေသေးပေမယ့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပျက် ပြယ်သွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ တပ်မဟာ ခုနှစ်ခုလုံးမှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းအများစုကို ပိတ်ဆို့ထိန်းချုပ်ထားသလို KNU အုပ်ချုပ်ရေးယန္တရား တည်ဆောက်သွားဖို့ ကြိုးပမ်းနေတာပါ။

“စစ်ကောင်စီဘက်က အုပ်ချုပ်ရေးပျက်ပြယ်တဲ့မြို့တွေဆိုရင် ကျွန်တော်တို့ဘက်က စနစ်တကျထိန်းချုပ်နိုင်ဖို့ စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ လိုအပ်တာပေါ့နော်။ အဲဒီလိုစနစ်တကျစီမံနိုင်ဖို့အတွက်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပေါ်လစီပိုင်းတွေကို အဓိကပြင်ဆင်ရတာဖြစ်ပါတယ်။ အဲဒီလိုမျိုးပြင်ဆင်ပြီးတာနဲ့ စနစ်တကျသွားနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ဘက်က ပြင် ဆင်ထားတာကို အဓိကပြောချင်ပါတယ်” လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လျက်ရှိနေတဲ့အတွက် အုပ်ချုပ်ရေးလုပ်ငန်းစဉ် ရှုပ် ထွေးမှုမရှိစေဖို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအားလုံးအနေနဲ့ နုတ်ထွက်ပြောင်းရွှေ့ဖို့၊ စစ်ကောင်စီကို အားပေးထောက်ခံ ကူညီတာတွေ မပြုလုပ်ဖို့နဲ့ KNU နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အ သိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ KNU အုပ်ချုပ်နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး ဒရုန်းပစ်ကူအသုံး ပြုကာ ကျေးရွာတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပဒိုစောကလယ်စေးကတော့ KNU အုပ်ချုပ်ရေးယန္တရား စတင်နိုင်ဖို့အတွက် မြို့စောင့်တပ်အဖြစ် ကျန်ရှိနေတဲ့ မြို့တွေက စစ်ကောင်စီတပ်စခန်းတွေ ထွက်ခွာသွားဖို့ ဆက်လက်ဖိအားပေးသွားမယ်လို့ ပြောပါတယ်။

“တချို့သောနေရာတွေဆိုရင် စစ်ကောင်စီရဲ့ ဥပမာအားဖြင့် မြို့စောင့်တပ်တွေပေ့ါနော်။ သူတို့ရဲ့မြို့ စောင့်တပ်တွေ ရှိနေသေးခဲ့ရင် ကျွန်တော်တို့ အရေးပေါ်အခြေအနေမျိုးနဲ့ စီမံခန့်ခွဲမှုတွေလည်း လုပ်ဆောင်နေတယ် ဆိုတာကိုပြောချင်ပါတယ်။ စစ်ကောင်စီရဲ့ မြို့စောင့်တပ်တွေ မထွက်သေးဘူးဆိုရင်လည်း အဲဒီတပ်စခန်းတွေကို ထွက်သွားအောင်တော့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုအတွင်း မြို့ ပေါင်း ၇၀ ဆုံးရှုံးခဲ့ရသလို တပ်စခန်းရာနဲ့ချီ လက်လွှတ်ထားရတဲ့အပြင် တိုက် ခိုက်ရေးအင်အားများစွာ ပြုန်းတီးထားပါတယ်။

ဒါပေမယ့် မြို့တွေ ဆက်တိုက်လက်လွှတ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သန်းခေါင်စာရင်း ကောက်ယူပြီးပါက လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်း ပသွားမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီဟာ လက်ရှိမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ဆက်လက်ရင်ဆိုင်နေရပြီး အဲဒီစစ်ဆင်ရေးအတွင်း နောင်ချိုကို ပထမဆုံးမြို့အဖြစ် လက်လွှတ်ထားရပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...