အမည်မည်းစာရင်းဖြေလျှော့ပြီး ပြန်ခေါ်မှုထဲ ပါဝင်သွားမှာမဟုတ်ဘူးလို့ မိုးညှင်းမြို့နယ်က CDM ဝန်ထမ်းတချို့ဆို

အမည်မည်းစာရင်းဖြေလျှော့ပြီး ပြန်ခေါ်မှုထဲ ပါဝင်သွားမှာမဟုတ်ဘူးလို့ မိုးညှင်းမြို့နယ်က CDM ဝန်ထမ်းတချို့ဆို

နိုင်ငံအတွင်းရှိ အစိုးရဌာနအသီးသီးကနေ  အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ပြုလုပ်သွားခဲ့တဲ့ ဝန်ထမ်းတွေကို အမည်မည်းစာရင်း(Black list) ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က  ဇူလိုင်လ(၁၂)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီလိုအမည်မည်းစာရင်းဖြေလျှော့ပြီး အလုပ်ပြန်လည်ဝင်ရောက်ထမ်းဆောင်မှုထဲ ပါဝင်တောင်းဆိုသွားမှာမဟုတ်ဘူးလို့  မိုးညှင်းမြို့နယ်အတွင်းက ကျန်းမာရေးဌာနကနေ CDM ပြုလုပ်ခဲ့သူတစ်ဦးက ဆိုပါတယ်။

"ညီမတို့ရဲ့ (Position)ပိုဇေရှင်နေရာတွေမှာ တစ်ခြားသူတွေကိုအစားထိုး ပြန်ချထားပြီးပြီလေ  သူတို့ခေါ်လည်း အလုပ်ပြန်မဝင်ပါဘူး ပြန်မဝင်ချင်တာက ရှင်းရှင်းလေးပါပဲ ဒီအစိုးရကိုမကြိုက်လို့ ဆန့်ကျင်ပြီး CDM လုပ်ခဲ့တာပဲလေ  ပယ်ဖျက်ပေးဖို့ကိုလည်း သွားပြီးတော့လည်းအကြောင်းမကြားပါဘူး ဘယ်လိုပဲပြောပြော" လို့ သူကပြောပါတယ်။   

စစ်ကောင်စီဘက်ကတော့ CDM ပြုလုပ်သွားရတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အမည်မည်းစာရင်းကို ဖြေလျှော့ပေးကာ ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် လုပ်ဆောင်ပေးသွားမှာလို့ ပြောဆိုထားတာပါ။

ဖြေလျှော့ပေးဖို့တောင်းဆိုကြရန်အတွက်  ယမန်နေ့ဇူလိုင်လ(၁၅)ရက်နေ့ကနေပြီး  မိမိတို့ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရုံးဌာနကိုဖြစ်စေ၊ နီးစပ်ရာအစိုးရဌာနအသီးသီးမှာဖြစ်စေ သတင်းပေးပို့တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့အထိကတော့ မိုးညှင်းမြို့နယ်အတွင်းမှာ အမည်မည်းစာရင်းပယ်ဖျက်ပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ လာရောက်တောင်းဆိုတဲ့ CDM ဝန်ထမ်းများမရှိသေးဘူးလို့လည်း မိုးညှင်းမြို့၊ စုပေါင်းရုံးက မှ တာဝန်ရှိသူ တစ်ဦးဆီကနေသိရှိရပါတယ်။

CDM ပြုလုပ်ထားတဲ့ စာရင်းများအရ ကျန်းမာရေးဝန်ထမ်းလေးသောင်းငါးထောင်ကျော်ရှိတယ်လို့ ဇူလိုင်ထဲ ပြုလုပ်တဲ့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...