ဇွန်လအတွင်း အမျိုးသမီး အယောက် ၇၀ နီးပါး သတ်ဖြတ်ခံရ

ဇွန်လအတွင်း အမျိုးသမီး အယောက် ၇၀ နီးပါး သတ်ဖြတ်ခံရ

အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေခြင်းကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီး အယောက် ၇၀ နီးပါး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့ရသူတွေဟာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ ဦး၊ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ၅ ဦးနဲ့ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ၂ ဦး စုစုပေါင်း ၆၇ ဦး ဖြစ်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေအရ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဦးရေဟာ စစ်ကိုင်းတိုင်းက ၂၈ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်က ၁၃ ဦး၊ ရှမ်းက ၁၁ ဦး၊ မကွေးက ၇ ဦး၊ မန္တလေးက ၄ ဦး၊ ပဲခူးနဲ့ကချင်က ၂ ဦးစီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်အမျိုးသမီး ၁၄ ဦး ပါဝင်ပြီး နောက်ထပ် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းနင်မိမှု၊လက်နက်ကြီပစ်ခတ်မှု၊ထောင်တွင်းနှိပ်စက်ခံရမှု၊မုဒိမ်းပြုကျင့်ခံရမှုတွေကြောင့် အမျိုးသမီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

အမျိုးသမီးသေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှုစာရင်းဟာ မေလထက် ထက်ဝက်နီးပါးတိုးလာသလို ပြီးခဲ့တဲ့ ဇွန်မှာ စစ်ကိုင်း၊မန္တလေးနဲ့ ပဲခူးတိုင်းက အမျိုးသမီး ၁၀ ဦးလည်း အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။

အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေထဲက ၈ ဦးဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပန်တဲ့အတွက် ဖမ်းဆီးခံရတာဖြစ်ပြီး မြေပြင်မှာ အမျိုးသမီးဖမ်းဆီးခံရမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...