ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီက တအိမ်တက်ဆင်းလိုက်လံစစ်ဆေးပြီး ဖမ်းဆီးမှုရှိနေ

ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီက တအိမ်တက်ဆင်းလိုက်လံစစ်ဆေးပြီး ဖမ်းဆီးမှုရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီက တအိမ်တက်ဆင်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများလိုက်လံစစ်ဆေးကာ သံသယရှိသူတချို့ကို ဖမ်းဆီးမှုရှိနေသည်ဟုသိရသည်။

ယမန်နေ့ ဇူလိုင်လ (၁၁) ရက်နေ့က ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမူးနှင့် စစ်ကောင်စီ တပ်ဖွဲ့များ တအိမ်တက်ဆင်းဖြင့် လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကာ အသက် (၂၀) မှ အသက် (၃၀) အကြားအမျိုးသား အနည်းဆုံး (၅) ဦးခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“ မနေ့က ၉ နာရီလောက်က ကား ၃စီးနဲ့ရောက်လာကြတာ ၊ဒီမှာက ဥက္ကဌရှိသေးတယ် သူလမ်းပြပေးတာ စစ်သားတွေက မသင်္ကာတဲ့သူတွေ အဓိက အမျိုးသားလူလတ်ပိုင်းတွေကိုဖမ်းသွားတာ သူတို့နဲ့တွေ့ရင်တော့ တစ်ဦးတစ်ယောက်ဖမ်းခံရတာချည်းပဲ ညကတည်းက ဘုန်းကြီးကျောင်းမှာ ညအိပ်တဲ့သူတွေလည်းရှိတယ်။ အခုလဲ အဲ့ဘုန်းကြီးကျောင်းမှာ သူလျိုပုံစံမျိုးရှိသေးတယ်။ ကျန်တဲ့သူတွေနဲ့ ကားတွေတော့ ပြန်သွားတယ်” ဟု အောင်သစ္စာရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

အလားတူ ကလေးမြို့တောင်ဖီလာ အ.ထ.က (၂) ကျောင်းရပ်ကွက်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တအိမ် တက်ဆင်း မှတ်ပုံတင်နှင့်  အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု သိ ရသည်။

ကလေးမြို့ခံတဦးက ”စစ်ကောင်စီက အိမ်ထောင်စုစာရင်းတွေကောက်နေတာ၊ ဘာအတွက်ကောက်လဲ တော့မသိဘူး အခုရက်ပိုင်း စိပ်လာတယ်၊မနေ့ကလည်း အ.ထ.က (၂) ဖက်မှာ ကားတွေနဲ့ရောက်လာကြ တယ် စစ်သားတွေက အများကြီးပဲရပ်ကွက်တိုင်းတော့ ကောက်တာမဟုတ်သေးဘူ၊မနေ့ကတော့ မြို့လှ ရပ်ကွက်ဖက်မှာဆိုရင်လည်း ဘာလို့လဲတော့မသိဘူး လူငယ်တွေဖမ်းသွားတာလဲရှိတယ်။ အိမ်ကကလေးတွေ လည်း စိုးရိမ်လို့ တခြားနေရာတွေမှာ ခနရှောင်နေကြတယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် အရပ်သားပြည်သူ ဖမ်းဆီးမူများရှိနေဆဲဖြစ် သောကြောင့် မြို့ပေါ်နေ လူငယ်များအပါအဝင်မိဘများအနေဖြင့်လည်း စိုးရိမ်မူမြင့်တက်လာသည်ဟု သိရသည်။

လက်ရှိ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ (၉) ရက်နေ့ တွင် ကလေးမြို့ပေါ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းကျေးရွာ စာသင်ကျောင်းပေါ်တွင် ကျရောက်ပေါက်ကွဲကာ  ကလေးငယ် (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

ယမန်နေ့ ဇူလိုင် ၁၁ ရက်ညကလည်း နန်းဗဟိုကျေးရွာတွင် အထိုင်ချသည့် တိုင်း(၁၀) မှ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် လက်ပံချောင်းကျေးရွာ (C ) Group နေရာ (၃) ခုက ဘုရားကျောင်း အုတ်တံတိုင်းပေါ်နှင့် လူနေအိမ် တလုံး ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသား  (၂) ဦး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...