ကော့ကရိတ်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။

အဲဒီတိုက်ပွဲတွေဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ကော့ကရိတ်မြို့မြောက်ပိုင်း မြပတိုင်ကျေးရွာအုပ်စုမှာ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းနေတာပါ။

တိုက်ပွဲကြောင့် မြပတိုင်ကျေးရွာအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသ ခံရွာသူရွာသားတွေ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြပတိုင်ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ မြပတိုင်ကျေးရွာ တောရကျောင်းအတွင်း တပ်စွဲနေရာယူထားပြီး ကျုံဒိုးမြို့နဲ့ နဘူးအခြေစိုက် ခမရ ၅၄၇ ၊ ၅၄၈ ၊ ၅၄၉ တပ်ရင်းမှ စစ်ကူအင်အားတွေ ပို့ဆောင်နေပြီး စုစုပေါင်း ၂၀၀ ကျော် ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲချ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသတွေက ကျေးရွာနေ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့မြောက်ဘက် ကျေးရွာတွေနဲ့ အာရှလမ်းဟောင်းဘက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့အကြား စစ်ရေးပဋိပက္ခဆက်လက် တင်းမာနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ကော့ကရိတ်မြောက်ပိုင်းဒေသ၊ ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ အာရှလမ်းမကြီးမှာ စစ်ရေးလှုပ်ရှားလာခဲ့ရာ KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ် ပွားခဲ့တာပါ။

အောင်ဇေယျစစ်ကြောင်းဟာ ၃ လကြာတဲ့အထိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အထက်နားနဲ့ ကော့ကရိတ်မြောက်ဘက်ခြမ်း ကျေးရွတွေမှာသာ ရောက်ရှိနေခဲ့ပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမယ်လို့ KNLA စစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...