အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဖြတ်သန်းသွားလာသူ လူငယ်အမျိုးသားများကို ပြည်သူ့စစ်များက ဖမ်းဆီးမှုများပြုလုပ်နေ

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဖြတ်သန်းသွားလာသူ လူငယ်အမျိုးသားများကို ပြည်သူ့စစ်များက ဖမ်းဆီးမှုများပြုလုပ်နေ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ၊ နန့်မွန်းမြို့တွင်  မြို့တွင်းကနေ ဖြတ်သန်းသွားလာတဲ့လူငယ်အမျိုးသားများကို ဒီလပိုင်းတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ ပြည်သူ့စစ်တွေက အဲလိုထိုင်ထားပြီးမှ အများကြီးပဲနေကြတယ်လို့လည်းကြားတယ် ။  လူတွေကိုဖမ်းပြီးရင်အေ့ဒီဘုရားကျောင်းမှာပဲ နောက်ပြန်ကြိုးတွေတုတ်ပြီးထားထားတာ သူတို့မျက်စိကျတဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ကောင်လေးတွေကိုပေါ့ ပေါ်တာဆွဲတဲ့သဘောပေါ့”  ဟု မမုန်ကိုင်ကျေးရွာသူတစ်ဦးက ပြောပြပါတယ်။

သူတို့ဖမ်းဆီးသွားတဲ့လူငယ်တွေကို ပြည်သူ့စစ်တာဝန်ထမ်းဆောင်စေပြီး  မိသားစုတွေကိုလည်း မည်သည့်အကြောင်းအရင်းနဲ့မှ လာရောက်ရွေးထုတ်ပေးခြင်းမပြုဘူးရဘူးလို့လည်း ပြောဆိုထားတယ်လို့ သိရပါတယ်။

နန့်မွန်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုနဲ့ ပြည်သူ့စစ်ဂိတ်(၂)ဂိတ် စုစုပေါင်း စစ်ဆေးရေးဂိတ်(၃)ဂိတ်ရှိနေကာ ဖြတ်သန်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)စစ်ဆေးတင်းကြပ်တာတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

“ နန့်မွန်းကိုဘယ်သူမှမသွားရဲဘူး မိုင်းနောင်ကယောင်္ကျားလေးတွေဆို ဘယ်သူမှမသွားတော့ဘူး လိုအပ်မှပဲသွားကြတော့တာ ခါတိုင်းဆိုအလျှိုလျှိုသွားကြတာ  စျေးဝယ်ဆို အရင်ကမိုင်းနောင်ကတွေနန့်မွန်းမှာပဲဝယ်တာ အခုဆို ဘယ်သူမှမသွားဝယ်ရဲတော့ဘူး" လို့ ဒေသခံ စျေးသည်တစ်ဦးက ဆိုပါတယ်။   

မိုင်းနောင်ကျေးရွာက ရွှေလုပ်သား(ကျင်းသား)တစ်ဦးနဲ့ ရွာသားတစ်ဦးတို့ မကြာသေးခင် ရက်ပိုင်းကလည်းဖမ်းဆီးခံထားရပြီး ယခုလိုသတင်းမထွက်ပေါ်ပဲ ဖမ်းဆီးခံရသူဒေသခံအများအပြားလည်း ရှိနေကာ ပြန်လည်လွှတ်ပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ အင်းတော်ကြီးဒေသခံလူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ (KPDF)များရဲ့ လူသစ်စုဆောင်းခေါ်ဆောင်ခြင်းကိုလည်း ခံခဲ့ကြရပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကြား  စိုးရိမ်ကြောက်လန့်နေတယ်လို့ လူငယ်တွေက ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...