ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေ

ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့လာတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတယ်လို့ မွန်ပြည်သစ်ပါ တီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ထံကနေ သိရပါတယ်။

တင်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကစလို့ ပျားတောင်ဒေသဖြစ်တဲ့ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ကွမ်ငန်း၊ မယ်ကရို၊ ကတုံစိကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်နေပါတယ်။

ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ရှိနိုင်မယ့် နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အ မျှ လုပ်ဆောင်နေပါတယ်။

မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အားတိုးပြီး တပ်စွဲလာတာတွေရှိတယ်။ တစ်နေရာတည်းမှာ အကြာကြီးနေတာမျိုး မဟုတ်ဘဲ ရွှေပြောင်းသွားလာနေတာရှိတယ်။ သူတို့ရှိနေတဲ့နေရာဝန်းကျင်တွေမှာ တော် လှန်ရေးအင်အားစုတွေ ဘက်ကလည်း ရှိနေတာဆိုတော့ ရင်ဆိုင်တိုက်ပွဲတွေကတော့ ရှိလာနိုင်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကလည်း မက်ကရိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ပျားတောင်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကော့ဝမ်း၊ ကွမ်ငန်း၊ မယ်ကရိုကျေးရွာအပါအဝင် ကျေးရွာခုနှစ်ရွာထက်မနည်းက ဒေသခံပြည်သူလူထု ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပျားတောင်ဒေသမှာတော့ မွန်ပြည်သစ်ပါတီ NMSP AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေလည်း စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...