ထားဝယ်အထူးစီးပွားရေးဇုန်အနီးတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိ

ထားဝယ်အထူးစီးပွားရေးဇုန်အနီးတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီးမှာ ဇူလိုင် ၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိနေတယ်လို့ တော်လှန်ရေးအင်အားစု အဖွဲ့တွေထံကနေ သိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လဲရှောင်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစပြီး ခမောင်းချောင်းကျေးရွာကနေ လဲရှောင်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်တာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးဆက်လက် တင်း မာနေတယ်လို့ ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲကို စစ်ကောင်စီတပ် တကျော့ပြန်စစ်ကြောင်းထိုးလာတဲ့အ တွက် လဲရှောင်၊ ထိန်ကြီး၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝါးဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ရေဖြူမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်း ထန်နေတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ ရှိလာတယ်လို့ ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Taninthayi က ဇွန် ၁၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...