စစ်ကောင်စီဝန်ထမ်းတွေ လာရောက်ပူးပေါင်းကြဖို့ KNU တပ်မဟာ ၆ သတိပေး

စစ်ကောင်စီဝန်ထမ်းတွေ လာရောက်ပူးပေါင်းကြဖို့ KNU တပ်မဟာ ၆ သတိပေး

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအားလုံးအနေနဲ့ နုတ်ထွက်ပြောင်းရွှေ့တာ ဒါမှမဟုတ် လာရောက်ပူးပေါင်းကြဖို့ ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီက ဇွန် ၂၈ ရက်စွဲနဲ့ အသိပေးချက် ထုတ်ပြန်ပါတယ်။

အခုလက်ရှိအချိန်မှာ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုမရှိစေဖို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီလက်အောက်ခံဌာနအသီးသီမှာ အမှုထမ်းဆောင်လျက်ရှိတဲ့ ဝန်ထမ်းတွေအားလုံးအ နေနဲ့ နုတ်ထွက်တာ ပြောင်းရွှေ့တာ ဒါမှမဟုတ် ဒူးပလာယာခရိုင် တပ်မဟာ ၆ နဲ့အတူ လာရောက်ပူးပေါင်းတာတွေ ပြုလုပ်ဖို့နဲ့ စစ်ကောင်စီအပေါ် အားပေးထောက်ခံကူညီတဲ့ ဘယ်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ဖို့ ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။

အသိပေးထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက တပ်မဟာ ၆ အနေနဲ့ အဆင့် ဆင့်သော အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ဝန်ထမ်းတွေအနေနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို မြန်မြန်ရောက်သွားအောင် လာရောက်ပူးပေါင်းပါဝင်ကြဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း နေရာအနှံ့တိုက်ပွဲတွေ နေ့ စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကိုလည်း KNLA ဦးဆောင်တဲ့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လျက်ရှိနေတာ ဖြစ်ပါတယ်။

တပ်မဟာ ၆ နယ်မြေထဲက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီ ဗျူဟာနဲ့ တပ်ရင်း ၃ ရင်း၊ စုကလိမြို့က ဗျူဟာတပ်စခန်း၊ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာနဲ့ ကျိုက်ဒုံနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေ၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်က တောင်စွန်းတပ်စခန်း စတဲ့ စစ်ကောင်စီတပ်စခန်းအများအပြားကို KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူလူထုနဲ့ ကရင်အမျိုးသားအစည်း အရုံး KNU ထံ လာရောက်ပူးပေါင်းကြဖို့ကိုလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ က ထုတ်ပြန်အသိပေးထားပါတယ်။

Most read this week

December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...