စစ်တပ်ဖမ်းဆီးသွားတဲ့ ကျိုက်ထိုဒေသခံရှစ်ဦး သတင်းအစ အနမရဘဲ ပျောက်ဆုံးနေ

စစ်တပ်ဖမ်းဆီးသွားတဲ့ ကျိုက်ထိုဒေသခံရှစ်ဦး သတင်းအစ အနမရဘဲ ပျောက်ဆုံးနေ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ လူမှုကူညီရေးအသင်းဝင် တွေအပါအဝင် ဒေသခံရှစ်ဦးဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ ကော့စနိုင်လူမှုကူညီရေးအသင်းဝင်လေးဦးနဲ့ သူတို့ရဲ့ မိတ်ဆွေအမျိုးသားလေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်တွေနဲ့ နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

သူတို့တွေကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄ ဌာနချုပ်နဲ့ ကျိုက်ထိုမြို့မရဲစခန်းထံ မိသားစုဘက်က နေ့စဉ်နဲ့အမျှ သွားရောက်မေးမြန်းတာတွေ လုပ်ဆောင်ပေမယ့် စစ်ကောင်စီဘက်က ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ဒါ့အပြင် သူတို့အတွက် စားစရာနဲ့ အဝတ်အထည်တွေ သွားရောက်ပို့ဆောင်မှုကိုလည်း စစ်ကောင်စီဘက်က လက်မခံတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ မိသားစုနဲ့နီးစပ်သူ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ကော့စံနိုင်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စု ရတနာတို့ သားအဖနှစ်ဦး၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်၊ သူတို့ရဲ့မိတ်ဆွေအမျိုးသားလေးဦး ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ကောစ့နိုင်ရပ်ကွက်မှာ အရက်ထိုင်နေတဲ့သူတွေ လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၂၆ ရက်နေ့ထုတ် အစီရင်ခံစာရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၆၀၀၀ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...