မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

အခုလ လဆန်းပိုင်းက ဘန်ကောက်မြို့နဲ့ အနီးအနား ပြည်နယ်တွေမှာ ၈ ရက်ကြာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွှေ့ပြောင်း အလုပ်သမား ၂၆၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီး ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ အများကြီး ရှိလာတာကြောင့် အခုလို အရေးယူဆောင်ရွက်တာ ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့က Adisorn Keudmeuangkhon ဆိုသူက ပြောပါတယ်။

ထိုင်းနိုင်ငံသား အချို့က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် သူတို့ အလုပ်အကိုင် ရရှိဖို့ ခက်ခဲလာနေတယ်လို့ ရှုမြင်နေကြတာကြောင့် ဝန်ကြီးဌာနက တင်းကြပ်တဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်တာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး မကြာသေးခင်က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြပါတယ်။

လာအိုနိုင်ငံမှာလည်း ငွေကြေး ဖောင်းပွမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုကြောင့် ထိုင်းနိုင်ငံထဲကို လာအိုနိုင်ငံသား အများအပြား ရွှေ့ပြောင်းလာခဲ့ကြပါတယ်။

မြန်မာအလုပ်သမား ၂၀၁၁၁ ဦး၊ လာအိုအလုပ်သမား ၁၆၅၉ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃၉၇၁ ဦးတို့ကို အရာရှိတွေက ဇွန် ၅ ရက်နဲ့ ၁၂ ရက် အတွင်း ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အလုပ်နေရာတွေကို စုံစမ်းစစ်ဆေးရေး၊ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးရေးကို ရက်ပေါင်း ၁၂၀ စီမံကိန်း စတင်ချိန်မှာ အခုလိုမျိုး ဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရားဝင်အထောက်အထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ ထိုင်းဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ခံရမှာ ဖြစ်သလို ထိုင်းနိုင်ငံသို့ ၂ နှစ် အထိ ဝင်ရောက်ခွင့် တားမြစ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးထားသူတွေကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေ တင်သွားမှာ မဟုတ်ဘူးလို့ ထိုင်းအရာရှိ တွေက ပြောပါတယ်။

ထိုင်းအရာရှိတွေက အလုပ်နေရာ ၁၇၇၄ ခုကို စီးနင်း ရှာဖွေခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ အရေး ဆောင်ရွက်ပေးနေတဲ့ မြန်မာ့ရေးရာ ပူးတွဲအရေးယူဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

လာအိုရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်တာကြောင့် အလုပ်ရှင်တွေက သူတို့ကို ပိုသဘောကျကြောင်း သိရပါတယ်။

Most read this week

December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...