ရှားတောဘက်တွင် ကျေးလက်ဖွံ့ဖြိုးရေး အထောက်အပံ့အတွက် ဆန်ကိုသာ လိုအပ်ဟုဆို

ရှားတောဘက်တွင် ကျေးလက်ဖွံ့ဖြိုးရေး အထောက်အပံ့အတွက် ဆန်ကိုသာ လိုအပ်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)
မိုးခေါင်ရေရှား၍ သီးနှံစပါးအထွက်မကောင်းသည့်အပြင် ကြွက်များ ဖျက်ဆီးခံနေကြရသည့်အတွက် အခက်အခဲကြံုတွေ့နေကြရသည့် ရှားတောမြို့နယ်ဘက်မှ ကျေးရွာများတွင် လာမည့်နှစ်များတွင် စားဝတ်နေရေးအတွက် ဆန်ကို အဓိက ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ရှားတောမြို့နယ် ဒေါလဲဒူကျေးရွာမှ ဦးသန်းဝင်းက ပြောသည်။

ယခုနှစ် ၂၀၁၅တွင် မိုးခေါင်ခြင်းကြောင့် ကယား(ကရင်နီ) ပြည်နယ်ရှိ နေရာအနှံ့တွင် တောင်သူ စိုက်ပျိုးသီးနှံများဖြစ်ထွန်း ဆုံးရှုံးမှုအများပြားရှိနေသည့်အပေါ်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဆိုပါက အဓိက ဆန်ကိုသာ ထောက်ပံ့ပေးစေ လိုသည်ဟု ဇူလိုင်လ ပထမအပတ် တွင်းတွင် ရှားတော့မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဒီတစ်နှစ်မှာ လယ်တွေလည်း မရတော့ဘူး တောင်ယာတွေလည်း မကောင်းဘူးဆိုတော့ အထောက်ပံ့တွေ ရှိလာမယ်ဆိုရင် အဓိကက ဆန်တစ်မျိုးဘဲ လိုအပ်တယ်။ တခြားဟာတော့ မလိုချင်ဘူးပေါ့”ဟု ဦးသန်းဝင်းက ဆက်ပြောသည်။

မိုးခေါင်သည့်အပြင် သီးနှံများကို ဖျက်ဆီးနေသည့် ကြွက်များက ရှိနေသည့်အတွက် သီးနှံများကို ပြန်လည်စိုက်ပျိုးရန် အောင်မြင်မှုမရှိနိုင် သဖြင့် ဒေသခံများက ပူဆွေးနေကြသည်ဟု သိရသည်။

မိုးခေါင်၍ အခက်ခဲရှိသောကြောင့် တောင်သူများအနေဖြင့် လယ်ထဲတွင် ယာသဘောမျိုးနှင့် စိုက်ပျိုးရန် ညွှန်ကြားထားသည်ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောသည်။

တောင်သူများသည် တောင်ယာတစ်ခုတည်းနှင့် ဝမ်းစာကို အားကိုးခြင်းကြောင့် ၎င်းတို့အတွက် အခက်ခဲများစွာရှိသွားပြီး လာမည့်နှစ်တွင် တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးရမည့် အနေထားရှိသည်ဟု ရှားတောအမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။

“တောင်ယာကို အားကိုးပြီး ဝမ်းစာအတွက်ဆို သူတို့အတွက် အခက်ခဲများစွာရှိသွားပြီ။ လာမည့်နှစ် အတွက်ပဲ ဘယ်လိုစီမံဆောင်ရွက်ပေး မလဲဆိုတာ စဉ်းစားပေးရတော့မယ်”ဟု ဦးဌေးရယ်က ပြောသည်။

ဤနှစ်တွင် တောင်ယာ အားကိုးရာသည့် တောင်သူများ အောင်မြင်မှု မရှိခြင်းကြောင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လိုအပ်သည့် အလုပ်သမားကဏ္ဍများ ပါဝင်ဆောင်ရွက်နိုင်ရန် ကူညီပေးမည်ဟု ဦးဌေးရယ်က ထပ်လောင်းပြောသည်။

ယခင်ကပင် စပါးဆုံးရှုံးမှု များပြားခဲ့ခြင်းကြောင့် တောင်သူများ ဒင်္ဂါးပြားတစ်ခုကို ဆန်နှစ်ဘူးနှင့် လှဲလှယ်သည့် အဆင့်ထိ ဖြစ်သွားခဲ့ သည်ဟု သိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...