ကျောက်လုံးကြီးစခန်းပြန်ရဖို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေ

ကျောက်လုံးကြီးစခန်းပြန်ရဖို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေ

တပ်ဖွဲ့ဝင်တွေ အားလုံးစခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် ကျောက်လုံး ကြီးစခန်း ပြန်ရဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကစပြီး မြိတ်ဘက်ခြမ်း ကနေ ကျောက်လုံးကြီးဗျူဟာစခန်းထံ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဇွန် ၂၀ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က ပပြင်ကျေးရွာအနီး မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ပပြင်ကျေးရွာအနီးမှာ ဆက်လက်တပ်စွဲထာပြီး ထိုးစစ်ဆင်ဖို့ ပြင် ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာ ဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ကျောက်လုံးကြီးစခန်းအနီးရှိ အင်အား ၆၀ ကျော်ရှိတဲ့ အောင်သာဝရစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက် လုံးကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးစခန်းစွန့်ခွာ ထွက်ပြေးသွားတာပါ။

အောင်သာဝရစခန်းသိမ်း တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က သေဆုံးနေတဲ့ အလောင်း ၁၇လောင်းတွေ့ရှိခဲ့ပြီး လက်နက်ကြီး ၄လက်၊ လက်နက်ငယ် ၆လက်၊ ကျည်ဆံအမြောက်အမြားနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်း ၁၀ ခု သိမ်းပိုက်ရရှိထားပါတယ်။

July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...