ဇွန်လအတွင်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင်ဝင်ရောက်သူ ၁၀၀ ကျော်ဖမ်းဆီးခံရ

ဇွန်လအတွင်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင်ဝင်ရောက်သူ ၁၀၀ ကျော်ဖမ်းဆီးခံရ

ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်သူ ဆက်တိုက်ဖမ်းဆီးခံနေရပြီး ဇွန်လ ၂၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၁၃ ဦးရှိနေသည်ဟု ထိုင်းသတင်းဌာန ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသတင်းဌာနမှဖော်ပြထားချက်အရ ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၆ ဦးရှိပြီး၊ ၁၂ ရက်နေ့တွင် ၂၃ ဦး၊ ၁၅ ရက်နေ့တွင် ၈ ဦး နှင့် ၁၇ ရက်နေ့တွင် ၅၆ ဦးဖမ်းဆီးခံထားရသည်ဟု ဖော်ပြထားသည်။

ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ဝင်ထွက်သွားလာမှုများသည့် ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ဘက်ရှိ ဆူရစီ စစ်ဆေးရေးဂိတ်တို့တွင် စစ်ဆေးတင်းကြပ်ထားခြင်းကြောင့် တောလမ်းမှတစ်ဆင့် ဝင်ရောက်လာသူတို့ ဆက်တိုက်ဖမ်းဆီးမိနေသည်ဟု သိရသည်။

“အစစ်ဆေးများနေတော့ဝင်တဲ့သူတို့အဖမ်းခံနေရတာခဏခဏပဲ လွတ်သွားတဲ့လူလဲရှိပါတယ် ပွဲစားတွေက ထုတ်ပေးတယ် ။သူ့လူအဖမ်းခံ ထိရင်တော့ ပွဲစားတွေကို

ဒီဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့က ဖမ်းခံရသူတွေကို တာဝန်ယူပေးရမယ်ဆို

ပြီးပြောဆိုထားတာရှိတယ်။ပဲခူးဘက်၊ ဗမာတွေ အထက်အညာဘက်ကလာတဲ့ လူငယ်တွေ ထိုင်းဝင်တာများတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားတို့ကို တာဝန်ယူထားသည့် ပွဲစားတို့က မဖြစ်မနေတာဝန်ယူကာ ပြန်လည်ခေါ်ဆောင်ရမည်ဟုလည်း ဘုရားသုံးဆူမြို့အတွင်းရှိ  KNU တပ်ဖွဲ့တာဝန်ရှိသူတို့က သတိပေးပြောဆိုထားသည်ဟု သိရသည်။

စစ်မှူးထမ်းဥပဒေအပြင် စားဝတ်နေရေးအခက်အခဲနှင့် ဒေသတွင်း ပဋိပက္ခတိုက်ပွဲတို့ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဒေသခံအများစု ဘုရားသုံးဘက်သို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နေ့စဉ်ဝင်ရောက်နေဆဲဖြစ်သည်ဟု သိရသည်။

“လူငယ်တင်မကဘူး။ မိဘတွေရော ကလေးတွေရောပဲသွားနေကြတယ်။ရေးဘက်မှာဆို မကြာခဏ ပစ်ခတ်တာလက်နက်ကြီးခဏခဏကျနေတယ်။ ခြံသွားလဲ ဟိုအဖွဲ့က စစ်လိုက်နဲ့ ခြံအလုပ်လဲသွားလို့ မရတော့တဲ့အနေအထား အလုပ်အကိုင်မရှိတော့ဝင်ကြတယ် ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်  အိမ်နီးချင်းနိုင်ငံဖြစ်သည့်ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားမဝင်အလုပ်သမားဝင်ရောက်မှု ၆သန်းကျော်ရှိလာကြောင်းမြန်မာနိုင်ငံ အလုပ်သမားရေးရာကူညီနေသူတို့ထံမှသိရသည်။

အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် အထောက်အထားမဲ့ တရားမဝင်ဝင်ရောက် သူများပြားသဖြင့် ထိုင်းအာဏာပိုင်တို့က မေလကုန်ပိုင်းလောက်တွင်မြန်မာအလုပ်သမားအများအပြားနေထိုင်သည့် နေရာတို့တွင် နေ့စဉ် ဝင်ရောက်စစ်ဆေးနေသည်ဟု ထိုင်းသတင်းဖော်ပြချက်တို့အရ သိရသည်။

February 12, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့...
February 11, 2026
မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ...
February 10, 2026
စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို...
February 9, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ဒရုန်းဖြင့်...