ရေဖြူမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးကြောင်း ဒေါ်နစစ်ကြောင်းပြော

ရေဖြူမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးကြောင်း ဒေါ်နစစ်ကြောင်းပြော

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ မနေ့ ဇွန် ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်ကနေ ညနေ ၄ နာရီအထိ အချိန် ၉ နာ ရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့ရပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မျောက်ချောကျေးရွာနဲ့ ရာဖူးကျေးရွာအနီးပတ် ဝန်းကျင်ကို ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ်လေးစီးနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက် ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၃၀) ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိထားသလို ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်လေးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထူးခြားမှုအနေနဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးထားတာဖြစ်နိုင်ပြီး သူတို့ဘက်က အများအပြားသေဆုံးနေတာတောင် အကြောက်အလန့်မရှိ ရှေ့ဆက်တိုးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း  အထိနာခဲ့တဲ့  စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ မျောက်ချောကျေးရွာကို မီးတင်ရှို့ခဲ့တဲ့အတွက်နေအိမ် ၇၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ပူး ပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

ဒီနေ့ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီတပ်က မျောက်ချောကျေးရွာနဲ့ နဂါးအိုင်ကျေးရွာတို့မှာ ဆက်လက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတာပါ။

ဒီတိုက်ပွဲကို ဒေါနစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအ ဝင် မဟာမိတ်တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကနေတဆင့် တပ်အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်း လေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဆက်လက်ဖြစ်ပွားနေတာပါ။

ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...