ဝါးရှောင်စစ်ရှောင်ပြည်သူများ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

ဝါးရှောင်စစ်ရှောင်ပြည်သူများ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။

ဝိုင်းမော်- ဆဒုံး- ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။

“တောမှာဆိုတော့ မိုးကာတွေလည်းမလုံ ငှက်ဖျားပိုးစစ်လိုက်လို့ရှိရင်လည်း အောင်တဲ့သူတွေဘဲ ဖြစ်နေတယ် မိသားစု ၅ယောက်မှာ ၂ယောက်ကပိုးရှိနေတယ်။ ဒါကြောင့် ကျွန်မတို့အတွက် မျှော်လင့်ချက်ကတော့ ဇီးရိုးအခြေအနေမှာ ရောက်နေတယ်”လို့ ပြောပါတယ်။

ဝါရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပါတယ်။

အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဒီကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မြို့ပေါ်တက်ပြီး ဆေးဝယ်ယူဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။

ဝါရှောင်ဒေသခံတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာနေရာဒေသတွေဆီ  တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တခြားစစ်ရှောင်တွေလို အကူအညီတွေရရှိဖို့လည်း ခဲယဉ်းနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

တစ်ဖက်မှာလည်း ဒေသခံတွေဟာ ဒီနှစ်အတွက် မိုးစပါးမစိုက်ပျိုးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ အငတ်ဘေးကြုံရမယ့်အခြေနေမှာလည်း ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

“ပြည်သူတွေအတွက်တော့ စိတ်ပင်ပန်းတာကလွဲ တခြားဘာမှ မပြောပြတတ်တော့ဘူး နောင်နှစ်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”လို့ ဝါးရှောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဝါရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ  လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာအားလုံးနီးပါးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...