မွန်ပြည်နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

မွန်ပြည်နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသလူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကလေး ၅ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက် နက်ကြီးကြောင့် အရပ်သားနေအိမ်အလုံး ၅၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ သထုံမြို့နယ်က အများဆုံးဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ အခုနှစ်မှာ ဆိုးဆိုးရွားရွားဖြစ်လာပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေကို ဆိုးရွားစေတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

လဂွန်းအိမ်အစီရင်ခံစာ ထုတ်ဝေတဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က လက်နက်ကြီးကြောင့် မွန်ပြည်သူတွေဟာ စိုးရိမ်ပူပန်မှုနဲ့ သွားလာနေထိုင် အိပ်စက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်တွေ ဘယ်လောက်အထိ ခြိမ်းခြောက်ခံနေရလဲဆိုရင် ကိုယ့်အိမ်မှာကိုယ်နေရင်းနဲ့တောင် အချိန်မရွေးလက်နက်ကြီးက ပြုတ်ကျနိုင်တယ်။ ခြံထဲသွားနေရင်း လမ်းသွားနေရင်းနဲ့လည်း လက်နက်ကြီးက အချိန်မရွေး ကိုယ့်ရဲ့ခေါင်းပေါ် ဘေးနားအနီးအနား ပြုတ်ကျနိုင်တဲ့အနေအထားမျိုး ဖြစ်လာတာပေါ့။ ကျွန်တော်တို့ မွန်မြောက်ပိုင်းရော တောင်ပိုင်းမှာရော။ ဆိုတော့ ပြည်သူတွေက လက်ရှိမှာ ဘယ်အချိန် ကိုယ့်ဆီလက်နက်ကြီးရောက်လာမလဲ ကိုယ့်မိသားစုဝင်တွေဆီကို လက်နက်ကြီး ရောက်လာမလဲ။ အမြဲတမ်း စိုးရိမ်ပူပန်မှုနဲ့ သွားလာနေထိုင် အိပ်စက်ရတယ်”လို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်တဲ့ မြို့နယ်တွေဖြစ်တဲ့ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့နယ်က ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးခြိမ်း ခြောက်မှုဒဏ်ကို ပိုခံစားရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ လက်နက်ကြီးခြိမ်းခြောက်မှုတွေဟာ လူ့အခွင့် အရေးချိုးဖောက်မှုကို ဆိုးရွားစေတဲ့အပြင် တစ်ဘက်မှာ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

လဂွန်းအိမ်ရဲ့ အချက်အလက်တွေအရ မတ်နဲ့ ဧပြီလအတွင်း စစ်ကောင်စီဟာ အများပြည်သူသွား လာတဲ့နေရာနဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ အကြိမ် ၇၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုကြောင့် မွန်ပြည်နယ်မှာ အရပ်သားနေအိမ်အလုံးပေါင်း ၄၆၀ ကျော် ထိခိုက်ပျက်စီး ပြာကျစေခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အရေးနိမ့်လာချိန်မှာ အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာ၊ ပြည်သူပိုင်အိုးအိမ်စည်းစိမ်တွေကို ခိုးယူလုယက်တာ၊ ဖျက်ဆီးတာစတဲ့ အ ကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာလို့ လဂွန်းအိမ်ရဲ့ အစီရင်ခံစာက ဖော် ပြထားပါတယ်။

ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...