စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်ရေး ဆွေးနွေး

စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်ရေး ဆွေးနွေး

မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များ အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်‌ရေးအတွက် လောင်တလိုင်ခရိုင်အဆင့် စစ်ဘေးရှောင်များကူညီရေးကော်မတီက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy ဦးဆောင်မှုဖြင့် မြန်မာနှင့် ဘဂ်လားဒေရှ့် စစ်ဘေးရှောင်များကူညီရေး ခရိုင်အဆင့် ကော်မတီအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး မြန်မာ နှင့် ဘဂ်လာဒေရှ့်နိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်များ၏ အခြေအနေကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးဝါးကုသဖြန့်ဝေခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း နှင့် ခြင်ထောင်များဖြန့်ဝေခြင်း များကို ကျန်းမာရေးဌာနကပြုလုပ်လေ့ရှိပြီး လာမည့်ရက်ပိုင်းအတွင်းမှာလည်း Chamdur ‘P’ နှင့် Vaṭhuampuiah ကျေးရွာတွင် အခမဲ့ဆေးကုသမှုဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များအကြား ကူးစက်တတ်သောရောဂါများ မပြန့်ပွားစေရေးအတွက် စစ်ဘေးရှောင်များ၏ အခြေအနေများကို မျက်ခြေမပျက်စောင့်ကြည့်လေ့လာရန်လည်းဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်ပြန်ကြားရေး ဌာနကထုတ်ပြန်သည်။

ယခုမိုးတွင်းကာလအတွင်း ရိက္ခာ (ဆန်) ဖူလုံရေးဆောင်ရွက်ရာတွင် မြန်မာနှင့် ဘဂ်လာဒေရှ့်နိုင်ငံတို့မှ စစ်ဘေးရှောင် ပြည်သူများအတွက်လည်း ထည့်သွင်စဉ်းစားရန်ဆွေးနွေးပြောဆိုခဲ့ကြသည်ဟုသိရသည်။

လောင်တလိုင်ခရိုင်ထဲတွင် ယခုလက်ရှိ မြန်မာစစ်ဘေးရှောင် ၅၉၂၂ ဦး ခိုလှုံလျက်ရှိပြီး အမျိုးသား ၁၈၆၀ ဦး၊ အမျိုး သမီး ၂၀၄၉ ဦးနှင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၀၁၃ ဦးရှိသည်ဟု အစိုးရမှတ်တမ်းအရသိရသည်။

၎င်းတို့သည် စစ်ဘေးရှောင်စခန်း ၃၈ ခု နှင့် ကျေးရွာပေါင်း ၅၅ ရွာမှာ ခိုလှုံနေကြသည်ဟုသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ချင်းအနွယ်ဝင်စစ်ဘေးရှောင်များမှာ ၁၈၇၂ ဦးရှိပြီး အမျိုးသား ၅၈၀ ဦး၊ အမျိုးသမီး ၄၉၉ ဦးနှင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉၃ ဦးရှိသည်ဟုသိရသည်။

၎င်းတို့သည် စစ်ဘေးရှောင်စခန်း ၁၂ ခု နှင့် ကျေးရွာ ၁၁ ရွာမှာခိုလှုံနေကြကြောင်းသိရသည်။

September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...