ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်ပေါ် လက်နက်ကြီးကျ

ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်ပေါ် လက်နက်ကြီးကျ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းတစ်ခုနဲ့အရပ်သားနေအိမ်ပေါ် ဇွန်လ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။

ခတ်ချိုရပ်ကွက်မှာရှိတဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်းကျရောက်ခဲ့တဲ့ လက်နက်ကြီး၂လုံးက ပေါက်ကွဲခြင်းမရှိလို့လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

အရပ်သားနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်ကြီးကြောင့်တော့ ကားနဲ့ခေါင်မိုးတွေပျက်စီးခဲ့ရတယ်လို့ ဝိုင်းမော် ခတ်ချိုရပ်ကွက်က ဦးဇင်းတစ်ပါးကမိန့်ပါတယ်။

“ခတ်ချိုအထက်ပိုင်း ဝေဠုဝန်ကျောင်းနဲ့လူနေအိမ်မှာကျတာ လူတွေတော့ထိခိုက်မှုမရှိခဲ့ဘူး မပေါက် ကွဲတာ က နှစ်လုံးဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကျောင်းအနောက်ဘက်ကလူနေအိမ်မှာကျတာက လူတော့မထိ ဘူး ကားနဲ့ခေါင်မိုးတွေတော့ပျက်စီးသွားတယ်”လို့ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းတစ်ဝှိုက်မှာ အရပ်သားတွေနေထိုင်ကြတာဖြစ်ပြီး လက်နက်ကြီးကတော့ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဒါပေမယ့် အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဝေဠုဝန်ဘုန်းကြီးကျောင်းက ဦးဇင်းနဲ့ ကိုယ်ရင်တွေအပါအဝင် ဘုန်းကြီးကျောင်းအနီးတစ်ဝှိုက်နေထိုင်တဲ့အရပ်သားတွေပါ ဘေးလွှတ်ရာကိုရွှေ့ပြောင်းထားတယ် လို့ အခြေနေသိရှိသူတွေကပြောပါတယ်။

အခုလိုပစ်ခတ်မှုတွေကြောင့် စစ်ရေးတင်းမာနေကြတဲ့ နှစ်ဖက်တပ်တွေ အရပ်သားတွေနေထိုင်ရာဒေသ တွေကိုကြည့်ရှုပြီးရမ်းသမ်းမပစ်ခတ်ကြဖို့ ဝိုင်းမော်မြို့နယ်ထဲက ဝိုင်းရှောင်ဆရာတော်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့်တောင်းဆိုထားပါတယ်။

“ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ သာသနာ့အလံနဲ့ အလံဖြူတွေအကုန်လုံးလွှင့်ထားတယ်။ အခုလည်းထပ်ပြီးသတိပေးပါတယ် နှစ်ဖက်စစ်ခင်းကြတဲ့သူတွေ ပစ်ချင်ရင်လည်းသေချာကြည့်ပြီးပစ်ပါ။ ရမ်းပစ်ရင် မသက်ဆိုင်တဲ့သူတွေအများကြီးထိခိုက်သွားနိုင်တယ်” လို့ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်ကမိန့်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကတည်းက ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတော့ အရပ်သားသောင်းနဲ့ချီ ဘေးလွှတ်ရာကိုထွက်ပြေးနေကြရတာဖြစ်ပါတယ်။

အဲ့ဒီမတ်လ ၁၈ ရက်နေ့ကစတင်ခဲ့တဲ့ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု တွေကြောင့် ဝိုင်းမော်မြို့နယ် ခတ်ချိုရပ်ကွက်ကအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ရ ပြီးဖြစ်ပါတယ်။

June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...